ရင်အစုံမှာ ယုံကြည်စွာချစ်ခဲ့တာ
ငါ့အသည်းလေးလန့်ကာကျကွဲ
အချိန်တိုင်းကို ထာဝရမင်းအတွက်
ကိုယ်စဉ်းစားပေးဆဲ
ဘယ်သူတွေက တားဆီးမလဲ
အရာရာကိုငါအရှုံးပေးတယ်
နေရာတကာမှာမင်းအတွက်
ငါ့ခေါင်းထဲမှာ မင်းအတွက်အဆင်သင့်
Rap ( မင်းသိမှာပါ
ငါ့အချစ်တွေအလကားဖြစ်နေတာ
ညညဆိုငါတစ်ယောက်တည်း
သတိတွေရပြီး မျက်ရည်ကျ
လွမ်းရမှာကြောက်နေလည်း
အခုတော့ငါလွမ်းနေရတယ်
ဟိုတုန်းကအခြေအနေကို
တည်မြဲအောင်မလုပ်နိုင်ခဲ့
အဆိုးဆုံးအချိန်ရောက်နေပြီ
ငါချစ်တာမင်းကိုပဲ
အတည်စဉ်းစားပေးပါနောက်ထပ်
မင်းပြောသမျှငါ ခေါင်းညိတ်မှာ
မင်းနဲ့ခဏဝေးရတာ င့ါအတွက်တော့
တကယ့်ငရဲပါ
မင်းပျော်အောင်ထားပေးဖို့
ဆုံးဖြတ်ပြီးနေတော့မှာ )
ရင်အစုံမှာ ယုံကြည်စွာချစ်ခဲ့တာ
ငါ့အသည်းလေးလန့်ကာကျကွဲ
အချိန်တိုင်းကို ထာဝရမင်းအတွက်
ကိုယ်စဉ်းစားပေးဆဲ
ဘယ်သူတွေက တားဆီးမလဲ
အရာရာကိုငါအရှုံးပေးတယ်
နေရာတကာမှာမင်းအတွက်
ငါ့ခေါင်းထဲမှာ မင်းအတွက်အဆင်သင့်
ညညဆိုငါငိုနေတုန်း
ကြယ်တွေကြွေပြီးမင်းအတွက်
ယူဆောင်ဖို့ အဖြူရောင်လေးဟာ
ငါ့ရဲ့ ထာဝရလက်ဆောင်ပါ
မင်းစိတ်ရှုပ်ချိန်အဖော်ဆိုတာမရှိရင်
တမ်းတလိုက်လေ ငါဆိုတာရှိမယ်
ငါ့ရဲ့အချစ်ကိုအဆင်ပြေသလိုသုံးလိုက်တော့
ငါ့အရိပ်လိုအမြဲနေမယ်
Rap ( မပျော်နိုင်ပါ
မင်းရှိနေတုန်းကို ငါ့စိတ်တွေမရေရာပါ
သေချာအောင်ထပ်ထပ်ငါပြန်စဉ်းစား
အပြစ်ရှိတာငါလား မမှားခဲ့တာတကယ်ပါ
ငါ့ဘက်ကနေပြီး တွေးပြီးတော့ စာနာပါ
အဆုံးသတ်မှာလမ်းခွဲကာထားခဲ့တော့
မင်းဘက်မှာပျော်နေတယ် ရှိပါစေတော့
အိပ်မရပဲပူလောင်ကာအတွေးတွေဟာ
မပျောက်ပျက်နိုင်လို့ ငါ့ဆီကိုပြန်လာပါ )