မိုးတိမ်တွေ မည်းနက် ရိပ်နဲ့
အာကာပြင်မှာ ထင်ခြယ်
လျှပ်နွယ် လျှပ်ပန်း ခတ်များနဲ့
အော်မြည်သံတို့ ကြောက် စဖွယ်
မင်း ဟိုတခါ ပြောဖူးခဲ့တဲ့
ဒဏ္ဍာရီလေး ရှိတယ်
မိုးခြိမ်းရင် မေ့ရဲ့ ရင်မှာ
ကြောက်စိတ်တွေ ဝင်မိတယ်
ကောင်းကင်ကို မော့ကြည့်ရင်းနဲ့
ရင်မှာ ပူပင်လာတယ်
ခုဆိုရင် မင်းကလေး တယောက်
ကြောက်နေ ရှာရော့ တော့မယ်
ဟိုစဉ်မှာ မင်း ပုန်းစရာ
မောင့်ရင်ခွင်လေး နွေးသလို
ချစ်သူဆီ ထီးကိုယူလို့
ပြေလာ နေမိတော့တယ်..
Go.. မေ အိပ်တဲ့ အုတ်ဂူလေး ထက်မှာ မောင် ထီးကလေး မိုးကာ ပေးပါ့မယ် ဒီ မိုးကလေး တိတ်ကာ မသွားထိအောင် စောင့်ကာ နေပါမယ်… မေ အိပ်တဲ့ အုတ်ဂူလေး နွေးအောင် လက် ကလေးနဲ့ ထွေးကာ ပွေ့ထားမယ် ရေစက် လေးများ ရွဲစိုကား ချမ်းလွန်း ပါစေ မပြန် သေးပါကွယ်… Go.. မိုးရွာတာ ရပ်လိုက်ပေးပါ့ ဒေဝါ အမ္မုန်ရှင်ရယ် တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ် ချမ်းနေ ရှာရော့ တော့မယ် ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ ဖြူဖြူ အိမ်ကလေး ထဲမှာ မှေးပျော်ကာ အိပ်နေတာလေး မနိုးပါစေနဲ့ မိုးရယ်… မိုးတိမ်တွေ မည်းနက် ရိပ်နဲ့ အာကာပြင်မှာ ထင်ခြယ် လျှပ်နွယ် လျှပ်ပန်း ခတ်များနဲ့ အော်မြည်သံတို့ ကြောက် စဖွယ် မင်း ဟိုတခါ ပြောဖူးခဲ့တဲ့ ဒဏ္ဍာရီလေး ရှိတယ် မိုးခြိမ်းရင် မေ့ရဲ့ ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ် ကောင်းကင်ကို မော့ကြည့်ရင်းနဲ့ ရင်မှာ ပူပင်လာတယ် ခုဆိုရင် မင်းကလေး တယောက် ကြောက်နေ ရှာရော့ တော့မယ် ဟိုစဉ်မှာ မင်း ပုန်းစရာ မောင့်ရင်ခွင်လေး နွေးသလို ချစ်သူဆီ ထီးကိုယူလို့ ပြေလာ နေမိတော့တယ်.. မေ အိပ်တဲ့ အုတ်ဂူလေး ထက်မှာ မောင် ထီးကလေး မိုးကာ ပေးပါ့မယ် ဒီ မိုးကလေး တိတ်ကာ မသွားထိအောင် စောင့်ကာ နေပါမယ်… မေ အိပ်တဲ့ အုတ်ဂူလေး နွေးအောင် လက် ကလေးနဲ့ ထွေးကာ ပွေ့ထားမယ် ရေစက် လေးများ ရွဲစိုကား ချမ်းလွန်း ပါစေ မပြန် သေးပါကွယ်… မိုးရွာတာ ရပ်လိုက်ပေးပါ့ ဒေဝါ အမ္မုန်ရှင်ရယ် တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ် ချမ်းနေ ရှာရော့ တော့မယ် ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ ဖြူဖြူ အိမ်ကလေး ထဲမှာ မှေးပျော်ကာ အိပ်နေတာလေး မနိုးပါစေနဲ့ မိုးရယ်… Go မိုး ရွာတာ ရပ်လိုက်ပေးပါ့ ဒေဝါ အမ္မုန်ရှင်ရယ် တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ် ချမ်းနေ ရှာရော့ တော့မယ် ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ ဖြူဖြူ အိမ်ကလေး ထဲမှာ မှေးပျော်ကာ အိပ်နေတာလေး မနိုးပါစေနဲ့ မိုးရယ်…..