မြန်မာပြည်ကကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ လဒ ဟာ ကျလာမယ်
မိုးလေးညို့ရင် နွားလေးကျောင်းမယ်
အရမ်းပဲ အရမ်းပဲ သိပ်ပျော်တယ်
လောက်လေးခွနဲ့လောက်စာလုံးများကို
ပုဆိုးထဲ ထည့်ကာလွယ်
သွားကြစို့အတူ နွားလေးကျောင်းမယ်
မပျင်းဘူး သိပ်ပျော်တယ်
ပျိုးနုတ်ရင်းသာ တို့ဘဝလေးဟာ
ကောင်းသောနေ့ပါကွယ်
မြန်မာပြည်ကကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ လဒ ဟာ ကျလာမယ်
အနောက်တိုင်းသားတွေ
သေနတ်ပစ် ကျွမ်းသလို
သူ့အတတ်နဲ့သူပေါ့
တို့လည်းကျွမ်းတယ် လေးခွအပစ်မှာ
တစ်ဖက်ကမ်းခတ်သူပါ
အနောက်တိုင်းသားတွေ
မြင်းစီးကျွမ်းသလို
သူ့အတတ်နဲ့သူပေါ့
တို့လည်းကျွမ်းတယ် နွားစီးပြမယ်
မိုးအထိရောက်နိုင်တယ်
မြန်မာပြည်ကကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ လဒ ဟာ ကျလာမယ်
ပျော်ပျော်ပဲနေပါတယ်
သူ့အရပ်နဲ့သူပဲပေါ့
ရွာထိပ်ကညောင်ပင်ကြီးမှာ
ညနေခင်းဆိုထိုင်ရင်းမျှော်
ရေခပ်ဆင်းလာတဲ့
လုံမလေးကိုလိုက်လို့ခေါ်
ပျော်တတ်တဲ့စရိုက်က ပြင်ရခက်တာပေါ့
ရောင်းရင်းများနဲ့ရွာရိုးကိုးပေါက်
အတူတူလျှောက်မယ်
မနက်ခင်းဆို နွားလေးကျောင်းလို့
အရိပ်ထဲနားမယ်
ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ ကျေနပ်တယ်
ဘာဖြစ်ဖြစ် ငါတို့ကလည်း
ကောင်းဘွိုင်ပဲ
မြန်မာပြည်က ကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံနေတဲ့ လဒဟာ ကျလာမယ်
မိုးလေးညို့ရင် နွားလေးကျောင်းမယ်
အရမ်းပဲ အရမ်းပဲ သိပ်ပျော်တယ်
လောက်လေးခွနဲ့လောက်စာလုံးများကို
ပုဆိုးထဲ ထည့်ကာလွယ်
သွားကြစို့အတူ နွားလေးကျောင်းမယ်
မပျင်းဘူး သိပ်ပျော်တယ်
ပျိုးနုတ်ရင်းသာ တို့ဘဝလေးဟာ
ကောင်းသောနေ့ပါကွယ်
မြန်မာပြည်ကကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ လဒ ဟာ ကျလာမယ်
မြန်မာပြည်ကကောင်းဘွိုင်
သေနတ်မပစ်ပါ
ဒါပေမဲ့ ကိုယ့်အထာနဲ့ကိုယ်ပဲပေါ့
လေးခွလေး အသာဆွဲ မ ကာ ပစ်လိုက်ရင်
ကောင်းကင်က ပျံတဲ့ လဒ ဟာ ကျလာမယ်