သီချင်း - အိပ်မရတဲ့ညပေါင်းတွေ
တေးဆို - စိုင်းဆိုင်မောဝ်
အိုမေရယ် ဘာကြောင့်များ
ငြင်းရက်နိုင် တာလဲကွယ်
ဒီမောင်မှာ ညတိုင်းပဲ
အိပ်မရနိုင် ပါတော့တယ်
အဆင်မပြေတာလေးတွေတော့
ပြောပြချင်တယ် အချစ်ကလေးရယ်
အို အကြောင်းအမျိုးမျိုးကြောင့်ကွယ်
တို့နှစ်ယောက် ကွဲသွားမှာကို စိုးတယ်
ရင်နာစရာ စကားတွေလည်း
မပြောရက်တာကို မေအသိပဲ
ကြင်နာစွာ အပြုံးတွေနဲ့
ချစ်ရသူမှာ မောင်တစ်ယောက်ပဲ
ကိုယ်အိပ်မရတဲ့ ညပေါင်းတွေလည်းများခဲ့ပြီ
မေကြောင့်ကွယ်
တကယ်ဆိုရင် ကြင်နာအသည်းနှလုံး
ရှိကြမယ် လူတိုင်းပဲ
မရေရာ မသေချာတဲ့
အချစ်မျိုးကို မလိုလားတယ်
အဆင်မပြေတာတွေ တွေ့ရင်တော့
သည်းခံနိုင်ရင်ကောင်းမယ်
အို အကြောင်းအမျိုးမျိုးကြောင့်ကွယ်
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ
အိုမေရယ် ဘာကြောင့်များ
ငြင်းရက်နိုင် တာလဲကွယ်
ဒီမောင်မှာ ညတိုင်းပဲ
အိပ်မရနိုင် ပါတော့တယ်
အဆင်မပြေတာလေးတွေတော့
ပြောပြချင်တယ် အချစ်ကလေးရယ်
အို အကြောင်းအမျိုးမျိုးကြောင့်ကွယ်
တို့နှစ်ယောက် ကွဲသွားမှာကို စိုးတယ်
ရင်နာစရာ စကားတွေလည်း
မပြောရက်တာကို မေအသိပဲ
ကြင်နာစွာ အပြုံးတွေနဲ့
ချစ်ရသူမှာ မောင်တစ်ယောက်ပဲ
ကိုယ်အိပ်မရတဲ့ ညပေါင်းတွေလည်းများခဲ့ပြီ
မေကြောင့်ကွယ်
တကယ်ဆိုရင် ကြင်နာအသည်းနှလုံး
ရှိကြမယ် လူတိုင်းပဲ
မရေရာ မသေချာတဲ့ အချစ်မျိုးကိုမလိုလားတယ်
အဆင်မပြေတာတွေ တွေ့ရင်တော့
သည်းခံနိုင်ရင်ကောင်းမယ်
အို အကြောင်းအမျိုးမျိုးကြောင့်ကွယ်
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ