သတို့သားသတို့သမီး
စုံစုံလင်လင် မင်းဘဝကို ပေးမယ်
ဂုဏ်ယူစရာ ခန်းနားစွာဝင့်ထည်
ကမ္ဘာပေါ်မှာ ငါ့ရဲ့နတ်သမီး ဖြစ်ရတော့မယ်
ခန်းမကြီးအလယ်မှာ
ဂါဝန်ဖြူဖြူလေးပဲ မေဝတ်မယ်
ဒီမှာအနီရောင် နှုတ်ခမ်းလေးကို ဆေးခြယ်
ဝေဒနာတွေ မရှိတဲ့နေ့လေး ရောက်ရတော့မယ်
အတွေးလေးနဲ့ ပျော်တယ်
လည်တံတစ်ဝိုက်က ပုလဲရယ်
စိန်စီထားတဲ့ နားကပ်တစ်စုံ
သွေးပျက်သွားအောင်လို့
နင်ဟာ ငါ့ရဲ့ဘေးမှာ အရမ်းပဲလှနေမှာ
မောင်ရယ် စကားတတ်လိုက်တာ
သူများအမြင်ကပ်အောင်လို့..
ဒီလိုအပြောကြီးနဲ့တော့ ချစ်ပြမနေစမ်းနဲ့
ကြွယ်ဝခြင်းမရှိတဲ့
တို့ဘဝမှာ ဒီလိုစိတ်ကူးက
မင်းရဲ့နှုတ်လမ်းလေးပြုံးဖို့
အဓိကကျလို့ပါ
စိတ်ကူးယဥ်တာတွေ တကယ်ဖြစ်ဖို့ထက်
အချစ်တွေ ခိုင်မာတည်မြဲဖို့
အရာရာရာအားလုံးထက် ပိုပြီးတော့
အဓိက ကျလို့ပါ
အချစ်တွေ လျော့သွားလို့မဖြစ်ပါ
စုံစုံလင်လင် မင်းဘဝကို ပေးမယ်
ဂုဏ်ယူစရာ ခန်းနားစွာဝင့်ထည်
ကမ္ဘာပေါ်မှာ ငါ့ရဲ့နတ်သမီး ဖြစ်ရတော့မယ်
ခန်းမကြီးအလယ်မှာ...
ဂါဝန်ဖြူဖြူလေးပဲ မေဝတ်မယ်
ဒီမှာအနီရောင် နှုတ်ခမ်းလေးကို ဆေးခြယ်
ဝေဒနာတွေ မရှိတဲ့နေ့လေး ရောက်ရတော့မယ်
အတွေးလေးနဲ့ ပျော်တယ်
လည်တံတစ်ဝိုက်က ပုလဲရယ်
စိန်စီထားတဲ့ နားကပ်တစ်စုံ
သွေးပျက်သွားအောင်လို့
နင်ဟာ ငါ့ရဲ့ဘေးမှာ အရမ်းပဲလှနေမှာ
မောင်ရယ် စကားတတ်လိုက်တာ
သူများအမြင်ကပ်အောင်လို့..
ဒီလိုအပြောကြီးနဲ့တော့ ချစ်ပြမနေစမ်းနဲ့
ကြွယ်ဝခြင်းမရှိတဲ့
တို့ဘဝမှာ ဒီလိုစိတ်ကူးက
မင်းရဲ့နှုတ်လမ်းလေးပြုံးဖို့
အဓိကကျလို့ပါ
စိတ်ကူးယဥ်တာတွေ တကယ်ဖြစ်ဖို့ထက်
အချစ်တွေ ခိုင်မာတည်မြဲဖို့
အရာရာရာအားလုံးထက် ပိုပြီးတော့
အဓိက ကျလို့ပါ
အချစ်တွေ လျော့သွားလို့မဖြစ်ပါ