logo

Thu

logo
الكلمات
သူအနားနား အမြဲတမ်းဝဲပျံနေတယ်

စိတ်ကူးလေးတွေ

ပန်းနုနုအရောင်ဖြာသွေးစေခဲ့

သူစကားများ

အလှပဆုံးအရောင်တွေဆေးချယ်

သူနှုတ်ခမ်းပါးဟာ

မှတ်မိစရာအရသာ ချောကလက်

မိန်းကလေးမို့ရှက်တတ်တယ်

သူပြောတဲ့စကားလုံးများကနားထဲ

ကဗျာတွေထင်တယ်

လွတ်ကျသွားတဲ့ ပန်းကလေးရယ်

ရင်မှာဆူး•••အိုး

မျောနေပြီ နာရီများရပ်လို့သွားချိန်

သူရှိမည် ပုန်းနေဝှက်ထားတဲ့

သူ့အတွေးတွေကို

သူပေးတဲ့ အလွမ်းတွေအနမ်းတွေ

သူရဲ့ကမ္ဘာကြီးထဲမှာ

ရှိနေရုံလေးသာ သူသိမှာစိုး

ငါအံ့သြတယ်

မြားနတ်မောင်ကတိုးတိုးလေးပြန်ပြောတယ်

မင်းထိုက်နဲ့မင်းအလဲအကွဲခံတော့တဲ့

စွဲလမ်းခြင်းတွေထုတ်ပိုးပြီး အိမ်ပြန်တော့မယ်

မသိနိုင်ဘူး သူ့စိတ်ကဘယ်သူ့ဆီရောက်

နီးစပ်ခွင့်ရအောင် လမ်းတွေတူးပြီးဖောက်

ရင်ဘက်ထဲမှာဆူးပြီးအောင့်

မင်းမသိတဲ့ငါ့ဘဝဟာ

သကြားခဲလေးအတွက်ခါးစရာ

မလာပါနဲ့ကွာ ကမ္ဘာတွေခြားတာ

စိတ်မရှိနဲ့မိန်းကလေးရယ်

အသည်းနှလုံးနဲ့ရင်းကာ ငါဖွင့်ပြောမယ်

သူတာငြင်းလိုက်ရင်

ကုမရတဲ့ အရူးတစ်ယောက်လို miss you miss you•••

တိတ်တခိုးနဲ့ miss you miss you•••

သူအနားနား

ရောက်တာနဲ့ခံစားချက်တွေကိုဖွက်ပြီးထား

ဖြူစင်တဲ့တစ်ဖက်သက်အချစ်ဆိုတာပျက်စီးမသွား

ဘယ်တော့မှဖွင့်မပြောပေမဲ့ ချစ်ရတဲ့နတ်သမီးတစ်ပါး

မိန်းကလေးမို့ရှက်တတ်တယ်

သူပြောတဲ့စကားလုံးများကနားထဲ

ကဗျာတွေထင်တယ်

လွတ်ကျသွားတဲ့ပန်းကလေးရယ်

ရင်မှာဆူး•••အိုး

မျောနေပြီ

နာရီများရပ်လို့သွားချိန် သူရှိမည်

ပုန်းနေဝှက်ထားတဲ့ သူ့အတွေးတွေကို

သူပေးတဲ့ အလွမ်းတွေအနမ်းတွေ

သူ့ရဲ့ကမ္ဘာကြီးထဲမှာ

ရှိနေရုံလေးသာ သူသိမှာစိုး

တစ်ခါတလေ

ဆန္ဒပြချင်တဲ့ပြည်သူတစ်ယောက်လို ခံစားရတယ်

ထုတ်ဖော်ဖွင့်မရတဲ့အချိန်ကျတော့လဲ

လာရာလမ်းအတိုင်းပဲ ပြန်သွားရတာပဲ

သူသိတောင်မသိပါဘူး

Sensitive ဖြစ်လွန်းတဲ့နှလုံးသား

ဖုံးဖိမရတဲ့ရင်တွင်းဖြစ် စကားလုံးများကို

ဖွင့်ပြောခါနီးမှ

သူတစ်ချက်လှည့်ကြည့်ရုံမှာတင် နောက်ပြန်လှည့် ဒီတစ်ခါလဲပဲ

ငါကျရှူံးသွား

မိန်းကလေးမို့ရှက်တတ်တယ်

သူပြောတဲ့စကားလုံးများကနားထဲ

ကဗျာတွေထင်ထယ်

လွတ်ကျသွားတဲ့ ပန်းကလေးရယ်

ရင်မှာဆူး•••အိုး

မျောနေပြီ

နာရီများရပ်လို့သွားချိန် သူရှိမည်

ပုန်းနေဝှက်ထားတဲ့ သူ့အတွေးတွေကို

သူပေးတဲ့ အလွမ်းတွေအနမ်းတွေ

သူ့ရဲ့ကမ္ဘာကြီးထဲမှာ

ရှိနေရုံလေးသာ သူသိမှာစိုး

End

Thu لـ X-Boxin/Rachel Tayza - الكلمات والمقاطع