သီချင်း - မရဏ
တေးဆို - ရော်ရွက်
မှိတ်လို့ထားတဲ့မင်းမျက်လုံးလေးဖွင့်ပါအချစ်ရာ
ကိုယ့်ရဲ့နားသို့တိုးဝှေ့စကားများလည်း
အရင်လိုမင်းအသံလေးကြားရင်ဘဝကပြီးပြည့်စုံသွား
ခဲ့သမျှအားလုံးဟာအနှီကံကြမ္မာစေခိုင်းသမျှလား
နေ့ညအမြဲမင်းရဲ့ဘေးမှာငါနေထိုင်ရင်း
အေးစက်တဲ့လက်ကလေးမှာအားအင်
ချို့တဲ့နွမ်းခြောက်တဲ့အသားအရေ ဖြူဖတ်ဖြူရော်
နှုတ်ခမ်းလေးက မခွဲချင်သေးဘူးလို့သူပြောတယ်
မငိုပါနဲ့တော့ မင်းမငိုပါနဲ့တော့
လောကဓံတရားကြီးရဲ့ရိုက်ခတ်မှုဒဏ်တွေကိုလူးလဲပိတ်ခံ
ဒါသူ့ရဲ့နိမိတ်ကံမကောင်းလို့အားလုံးကဝိုင်းပြီး
နားချငါ့ဘဝသူမရှိရင်မလှပ
တစ်သက်လုံးနှုတ်ဆက်ထားသွား
အလွမ်းကြီးပဲလွမ်းနေပန်းစည်းနဲ့ပန်းခွေတွေကြား
အိပ်စက်သွားတဲ့ချစ်သူအနားနား
ငါလွမ်းနေငါလွမ်းနေနင်ကသိပါ့မလား
ငါမမေ့နိုင် အရင်အတိတ်တွေငါ့ကိုတစ်ခါပြန်နှိပ်စက်လို့
ဟိုအဝေးကြီးမှာမင်းမရှိတော့စိတ်ဒဏ်ရာရခဲ့
ငါ့နှလုံးသားလေးထဲကနေနင့်ကိုခေါ်ဆောင်သွားတဲ့တမလွန်ဘဝ
မင်းအဆင်ပြေရဲ့လား ငါ့ရဲ့ဘေးကထာဝရထွက်ခွာ
မင်းငိုမနေနဲ့ကွာ အသည်းနှလုံးလေးအားယူသွားခဲ့တာ
ဟိုးတို့နှစ်ယောက်မှာရှိတဲ့ပျော်ရွှင်မှုများ
ကိုအဆုံးသတ်သွားတဲ့ဝေဒနာဆိုးကြီးအားငါမုန်းလိုက်တာ
တမလွန်ပျော်ရွင်ပါစေ နင့်အတွက်ငါဆုတောင်းတယ်
ငါ့ဘဝမှာနင်မရှိတော့အသက်ရှင်ရတာဘယ်ကောင်းမလဲ
ဘာကြောင့်မို့မင်းလေးကိုမှသေခြင်းတရားခေါ်သွားလဲ
သေမင်းကိုလာဘ်ထိုးဖို့ငါပိုက်ဆံတွေစုထားတယ်
မဖြစ်နိုင်မှန်းသိပေမယ့်မင်းအတွက်ငါရူးခဲ့
အခုတော့လည်းနှုတ်ဆက်သွားတဲ့မင်းကိုငါတမ်းတရင်း
အရင်အချိန်တွေပြန်ပြီးတော့ငါလွမ်းမိလှတယ်
မင်းအုတ်ဂူဖြူဖြူလေးရဲ့ဘေးနားမှာပဲ
နင့်ဆီလိုက်ဖို့ကြိုးစားနေခဲ့
စောင့်လို့နေပေးကွယ် ငါလိုက်လို့လာခဲ့မယ်
ဒီဘဝတော့မဖြစ်နိုင်တာသိပေမယ့်လဲ