အဆုံးမဲ့
Lလွန်းဝါ + ကဗျာဘွဲ့မှူး
လက်တွေ့မလွယ်ခဲ့ လောကရဲ့လမ်း
အချစ်ဆုံးလက်ကို ကမ်းလိုက်ခဲ့ပါကွယ်
မဝေးချင်တော့ဘူး မင်းအနားအမြဲရှိချင်တယ်
ခြားနားနေခဲ့ မင်းမတွေးပါနဲ့
နောက်ဆုံးအသက်ကို ပေးထားခဲ့ပါတယ်
မင်းယုံမလား ကိုယ့်ဘဝရဲ့ ဒီအချစ်တွေအတွက်
ဘယ်လိုတံတိုင်းများခြားစေကွယ်
မင်းရဲ့လက်ပေါ်တင်ပြီး ကိုယ့်ရဲ့အချစ်တွေအတွက်
နာရီတွေကျော်ဖြတ်ပြီး ပြေးထွက်ကြမယ်
အတူတူရှိနေမယ့် ဘဝအတွက်
တကယ်ဆို မင်းလေးနဲ့ကိုယ် တကယ်တမ်းဝေးရတော့မှာ
မမျှော်လင့်ရဲဘူး မင်းလေးအနားပဲ ရှိနေချင်တာ
ယုံကြည်ပါ အကြင်နာဆုံး မင်းလေးတစ်ယောက်သာ
ကိုယ့်ရဲ့ဘဝမှာအမြဲရှိခဲ့တာ
နံရံပေါ်ရေးတဲ့သစ္စာ တိုင်တည်ထား နှလုံးသားထဲမှာ
ဒဏ်ရာတွေ မထားရစ်ခဲ့ မင်းပေးတဲ့ အတိတ်ဒဏ်ရာ
ယုံကြည်ပါ ဒီဘဝထဲ မင်းတစ်ယောက်တည်းသာ
ကိုယ့်ရဲ့ဘဝမှာ အမြဲတမ်းစောင့်ရင်း ချစ်နေမှာ
လက်တွေ့မလွယ်ခဲ့ လောကရဲ့လမ်း
အချစ်ဆုံးလက်ကို ကမ်းလိုက်ခဲ့ပါကွယ်
မဝေးချင်တော့ဘူး မင်းအနားအမြဲရှိချင်တယ်
ခြားနားနေခဲ့ မင်းမတွေးပါနဲ့
နောက်ဆုံးအသက်ကို ပေးထားခဲ့ပါတယ်
မင်းယုံမလားကိုယ့်ဘဝရဲ့ ဒီအချစ်တွေအတွက်
ဘယ်လိုတံတိုင်းများခြားစေကွယ်
မင်းရဲ့လက်ပေါ်တင်ပြီး ကိုယ့်ရဲ့အချစ်တွေအတွက်
နာရီတွေကျော်ဖြတ်ပြီး ပြေးထွက်ကြမယ်
အတူတူရှိနေမယ့် ဘဝအတွက်
အမှန်ဆို မင်းလေးနဲ့ကိုယ် တကယ်တမ်းဝေးရတော့မှာ
မမျှော်လင့်ရဲဘူး မင်းလေးအနားပဲ ရှိနေချင်တာ
ယုံကြည်ပါ အကြင်နာဆုံး မင်းလေးတစ်ယောက်သာ
ကိုယ့်ရဲ့ဘဝမှာအမြဲရှိခဲ့တာ
နံရံပေါ်ရေးတဲ့သစ္စာ တိုင်တည်ထား နှလုံးသားထဲမှာ
ဒဏ်ရာတွေ မထားရစ်ခဲ့ မင်းပေးတဲ့ အတိတ်ဒဏ်ရာ
ယုံကြည်ပါ ဒီဘဝထဲ မင်းတစ်ယောက်တည်းသာ
ကိုယ့်ရဲ့ဘဝမှာ အမြဲတမ်းအဆုံးမဲ့ ချစ်နေမှာ