မိုး
**
တေးရေး-ဖော်ဝေး
တေးဆို-ကိုနန်း
Upload & SaungNya
*****************
မိုးလေးက မဖွဲတဖွဲလေး
သွန်းဖြိုးရွာ မသည်းတသည်းလေး
တစ်ကိုယ်သာ မစို့တစို့လေး
မိုးရနံ့တွေက သင်းလို့နေ
တချိန်က ကြည်နူးဖူးတာ
လွမ်းပါရဲ့ မောင့် အချစ်လေး...
*****************
မိုးလေးက မဖွဲတဖွဲလေး
သွန်းဖြိုးရွာ မသည်းတသည်းလေး
တစ်ကိုယ်သာ မစို့တစို့လေး
မိုးရနံ့တွေက သင်းလို့နေ
တချိန်က ကြည်နူးဖူးတာ
လွမ်းပါရဲ့ မောင့် အချစ်လေး...
***************
လေးပြင်းတွေအဝှေ့ မိုးဖြတ်ပြေး
မလုံ့တလုံ အိမ်ခေါင်ရှေ့နား
တံစက်မြိတ်ခြားလည်း မိုးတဖျောက်ဖျောက်သံ
သူ့ရင်ကိုယ့်ရင်ခုန်သံ
မကြားတကြားလေးမှာ တသိမ့်သိမ့်နဲ့ဟန်
ဆံနွယ်လေးနမ်း သက်ပြင်းချလို့
တိုးတိုးလေးစကားဆိုသံ
***
တင်းနေအောင် ဖက်ထားပြီး
ချစ်တယ်လို့ ပြောတဲ့သူ့စကားသံ
***
အခုဆိုမိုးတွေရွာနေပြီ အချစ်ရေ...
လွမ်းလိုက်တာ သူဘယ်မှာလဲ
တွေ့သူရှိရင် ပြောပေးကြပါ
အိမ်အနားလေး စံပါယ်ရုံနံဘေးက
စောင့်ကြိုနေတယ်
***
ထီးထက်လုံတဲ့ ကိုယ့်ရင်ခွင်ကို
ပြေးထွက်ခွာသွား မင်းဘယ်ဆီများ ကို...
*****************
SOLO
*****************
မိုးလေးက မဖွဲတဖွဲလေး
သွန်းဖြိုးရွာ မသည်းတသည်းလေး
တစ်ကိုယ်သာ မစို့တစို့လေး
မိုးရနံ့တွေကသင်းလို့နေ
တချိန်က ကြည်နူးဖူးတာ
လွမ်းပါရဲ့ မောင့်အချစ်လေး...
*****************
လေးပြင်းတွေအဝှေ့ မိုးဖြတ်ပြေး
မလုံ့တလုံ အိမ်ခေါင်ရှေ့နား
တံစက်မြိတ်ခြားလည်း မိုးတဖျောက်ဖျောက်သံ
သူ့ရင်ကိုယ့်ရင်ခုန်သံ
မကြားတကြားလေးမှာ တသိမ့်သိမ့်နဲ့ဟန်
ဆံနွယ်လေးနမ်း သက်ပြင်းချလို့
တိုးတိုးလေးစကားဆိုသံ
***
တင်းနေအောင် ဖက်ထားပြီး
ချစ်တယ်လို့ ပြောတဲ့သူ့စကားသံ
***
အခုဆိုမိုးတွေ ရွာနေပြီအချစ်ရေ...
လွမ်းလိုက်တာ သူဘယ်မှာလဲ
တွေ့သူရှိရင် ပြောပေးကြပါ
အိမ်အနားလေး စံပါယ်ရုံနံဘေးက
စောင့်ကြိုနေတယ်...
***
ထီးထက်လုံတဲ့ ကိုယ့်ရင်ခွင်ကို
ပြေးထွက်ခွာသွား မင်းဘယ်ဆီများ ကို..
*******************
ပျော်ရွှင်ချမ်းမြေ့ပါစေ
SaungNya