နတ်မိမယ်
တေးရေး ထူးအိမ်သင်
တေးဆို ကိုအောင်
သိပ်ကိုရှက်တတ်တဲ့ ကိုယ့်ရဲ့မိန်းမလှလေး ဒီလိုတစ်လှမ်းခြင်း လျှောက်လာလား
ကိုယ့်ရဲ့နှလုံးသွေးများ ရပ်တန့်သွားပြီဟေ့ ရီဝေမိန်းမော မူးမိုက်သွား
မင်းလျှောက်ခဲ့တဲ့လမ်းမှာ ပန်းပွင့်တွေကြွေကာ လမ်းခင်းပေးနေကြ
ကိုယ့်နှလုံးသားထဲ မင်းဟာနတ်မိမယ် ဒါကိုမင်းလေး သိရဲ့လား
မျက်လွှာလေးပင့်လို့ ကိုယ့်ကိုကြည့်လိုက်စဉ် ကြယ်ရောင်ဝင်းလက် ပြိုးပြက်သွား
မင်းရဲ့အကြည့်တချက်နဲ့ မူးယစ်သွားပြီဟေ့ ချို မြိန်ခြင်းရဲ့ အရသာများ
မင်းပြုံးလိုက်တဲ့အခိုက်မှာ မိုးကောင်းကင် ကြယ်စင်အားလုံး လွင့်ကြွေကျ
ကိုယ့်ရဲ့နှလုံးသားထဲ မင်းဟာနတ်မိမယ် ဒါကို မင်းလေးငြင်းမှာလား
ဟိတ် တစ်မိုးလုံးပဲကောင်းကင် ကြယ်များလည်း ကြွေကာ သူ့ရှေ့မှောက်ခစား
ကိုယ့်ရဲ့နတ်မိမယ် အလှဆုံးလေး သူသာ အတောက်ပဆုံးပါလား
ဒဏ္ဏာရီများလား အပြုံးလေး သိပ်ထူးဆန်းနေတယ် ယုံရဲ့လား
သိပ်ကိုခမ်းနားတဲ့ အလှကိုဖွဲ့ဆိုတိုင်း ကာရံစည်းချက် အမြဲလိုမှား
စိတ်လှုပ်ရှားလွန်းလို့ ဆွံအသွားပြီဟေ့ ဂန္တဝင်မြောက်တဲ့ အလှအပများ
မင်းစကားလေးများပြောရင် ကြားရသူရင်မှာ ပင့်သက်ရှိုက်နေကြ
ကိုယ့်နှလုံးသားထဲမင်းဟာ နတ်မိမယ် ဒါကိုမင်းလေး ရှက်နေလား
တစ်မိုးလုံးပဲကောင်းကင် ကြယ်များလည်း ကြွေကာ သူ့ရှေ့မှောက်ခစား
ကိုယ့်ရဲ့နတ်မိမယ် အလှဆုံးလေး သူသာ အတောက်ပဆုံးပါလား
ဒဏ္ဏာရီများလား အပြုံးလေးသိပ်ထူးဆန်းနေတယ် ယုံရဲ့လား
SOLO.....
သိပ်ကိုခမ်းနားတဲ့ အလှကိုဖွဲ့ဆိုတိုင်း ကာရံစည်းချက် အမြဲလိုမှား
စိတ်လှုပ်ရှားလွန်းလို့ ဆွံအသွားပြီဟေ့ ဂန္တဝင်မြောက်တဲ့ အလှအပများ
မင်းစကားလေးများပြောရင် ကြားရသူရင်မှာ ပင့်သက်ရှိုက်နေကြ
ကိုယ့်ရဲ့နှလုံးသားထဲမင်းဟာ နတ်မိမယ် ဒါကို မင်းလေး ရှက်နေလား
ရှက်နေလား
ရှက်နေလား
ရှက်နေလား ဟိတ်
Thanks