ဝေဆာပွင့်ဖူးလှပနေတဲ့ မီးရောင်စုံများက
တောင်ပေါ်မြေရဲ့ ဆောင်းလလေးမှာ
ငါတို့ပွဲတော်ည ...
နှင်းမှုန်ကြားမှာ လျှောက်လည်ကြမယ်
အရောက်သာလာခဲ့ပါ
တန်ဆောင်တိုင်မီးပုံးပွဲတော်မှာ ...
ကြယ်တွေစုံတဲ့ မိုးကောင်းကင်ဟာ
လှချင်တဲ့အတိုင်းလှ
အဖော်တွေစုံတဲ့ မီးပုံးပွဲမှာ
ကချင်တဲ့အတိုင်းက
မီးကြည်လေးတွေ လိပ်ပြာလေးလို ဝဲပျံနေတဲ့ည
စိန်နားပန် မီးပုံးလေးရဲ့အလှ
ပွဲတော်ည ပွဲတော်ည
ဟေ့ ... အိုးစည်ဗုံမောင်းတီးလို့က
ပွဲတော်ည ပွဲတော်ည
ဒို့ရှမ်းပြည်က ဒို့ရိုးရာ
ပွဲတော်ည ပွဲတော်ည
ဟေ့ ဆွေးစရာတွေလည်းထားခဲ့ကြ
ပွဲတော်ည ပွဲတော်ည
တောင်ကြီးကိုအရောက်လှမ်းခဲ့ပါ
ကြိုဆိုပါတယ် ဟန်ဆောင်ခြင်းကင်းတဲ့အလှ
တန်ဆောင်တိုင်ရောက်တိုင်းလှမ်းခဲ့ပါကွယ်
ဒို့ရှမ်းမြို့တော်က
ဖြူစင်တဲ့ ရိုးသားတဲ့အပြုံးတွေ
ပန်းတွေလိုပွင့်ကြ
နှင်းပွင့်လေးတွေ လွှမ်းခြုံထားတဲ့
ဆောင်းရာသီရဲ့အလှ
တန်ဆောင်တိုင် မီးပုံးပွဲအရောက်လာ ...
ဝေဆာပွင့်ဖူးလှပနေတဲ့ မီးရောင်စုံများက
တောင်ပေါ်မြေရဲ့ ဆောင်းလလေးမှာ
ငါတို့ပွဲတော်ည ...
နှင်းမှုန်ကြားမှာ လျှောက်လည်ကြမယ်
အရောက်သာလာခဲ့ပါ
တန်ဆောင်တိုင်မီးပုံးပွဲတော်မှာ ...
ကြယ်တွေစုံတဲ့ မိုးကောင်းကင်ဟာ
လှချင်တဲ့အတိုင်းလှ
အဖော်တွေစုံတဲ့ မီးပုံးပွဲမှာ
ကချင်တဲ့အတိုင်းက
မီးကြည်လေးတွေ လိပ်ပြာလေးလို ဝဲပျံနေတဲည
တန်ဆောင်တိုင်ညရဲ့လှတဲ့ကဗျာ
ပွဲတော်ည ပွဲတော်ည
ဟေ့ ... အိုးစည်ဗုံမောင်းတီးလို့က
ပွဲတော်ည ပွဲတော်ည
ဒို့ရှမ်းပြည်က ဒို့ရိုးရာ
ပွဲတော်ည ပွဲတော်ည
ဟေ့ ဆွေးစရာတွေလည်းထားခဲ့ကြ
ပွဲတော်ည ပွဲတော်ည
တောင်ကြီးကိုအရောက်လှမ်းခဲ့ပါ
ကြိုဆိုပါတယ် ဟန်ဆောင်ခြင်းကင်းတဲ့အလှ
ပွဲတော်ည ပွဲတော်ည
ဟေ့ ... အိုးစည်ဗုံမောင်းတီးလို့က
ပွဲတော်ည ပွဲတော်ည
ဒို့ရှမ်းပြည်က ဒို့ရိုးရာ
ပွဲတော်ည ပွဲတော်ည
ဟေ့ ဆွေးစရာတွေလည်းထားခဲ့ကြ
ပွဲတော်ည ပွဲတော်ည
တောင်ကြီးကိုအရောက်လှမ်းခဲ့ပါ
ကြိုဆိုပါတယ် ဟန်ဆောင်ခြင်းကင်းတဲ့အလှ
တန်ဆောင်တိုင်ရောက်တိုင်းလှမ်းခဲ့ပါကွယ်
ဒို့ရှမ်းမြို့တော်က
ဖြူစင်တဲ့ ရိုးသားတဲ့အပြုံးတွေ
ပန်းတွေလိုပွင့်ကြ
နှင်းပွင့်လေးတွေ လွှမ်းခြုံထားတဲ့
ဆောင်းရာသီရဲ့အလှ
တန်ဆောင်တိုင် မီးပုံးပွဲအရောက်လာ ...