ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
နှလုံးသွေးများလည်း ရပ်တန့်မလား
အို ခံစားမှုတွေ ကိုယ်စီ
သူရယ်ကိုယ် ခွဲခဲ့ရချိန်လေး
နားထဲက မထွက်တော့တဲ့
အို အချစ်ဆုံးရဲ့ ခေါ်သံတွေ
အာရုံမှာ မှားယွင်းကြားယောင်နေ
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
နှလုံးသားလေးဖွင့် နားစွင့်မိတယ်လေ
လေထဲက မင်းအသံတွေ
အခန်းရှေ့က အုန်းလက်တို့
လေတိုးတဲ့ ဒီအသံတွေ
ခြေသံတွေများလား စိတ်မှာတွေး
ပြတင်းပေါက်တို့ မိုးစက်တို့
လာရောက် ထိမှန်သံတွေ
သူပြန်လာကာ တံခါးခေါက်သလား ထင်နေ
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
နှလုံးသားလေးဖွင့် နားစွင့်မိတယ်လေ
လေထဲက မင်းအသံလေး
ဝိုး ကိုယ်ရဲ့မျက်စိများထဲ အမြဲရှိသူ
ကိုယ့်ရဲ့နားများထဲလည်း ကြားဖူးသူ
ကြင်နာသူရေ ဘယ်လိုမေ့လို့ရမှာလဲ
စမ်းချောင်းလေးများ နားထဲစီးခဲ့သလို
စွဲလန်းဖူးတဲ့မင်းရဲ့ အပြောများကို
ဘယ်ချိန်ဘယ်ခါ ပြန်လည်ကြားခွင့်ရမှာလဲ
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
ခေါ်သံလေးများ ကြားခွင့်ရချင်သေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
နှလုံးသားလေးဖွင့် နားစွင့်မိတယ်လေ
လေထဲက မင်းအသံလေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
လေထဲက မင်းအသံလေး အပြောလေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
လေထဲက မင်းအသံလေး အပြောလေး
လေထဲက မင်းအသံလေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
ခေါ်သံတွေ ပြန်ကြားခွင့်ရချင်သေး
ဟူးဟူးဟူး ဟူးဟူးဟူး ဟူးဟူး
လေထဲက မင်းအသံလေး