သီချင်း - မင်းသိလာမယ်
တေးဆို - ကျော်သီဟ
ခက်ခဲလွန်းတဲ့အချိန်
ငါပြန်စွန့်လွှတ်လိုက်ပါတယ်
နောက်ဆုံးတစ်နေ့နေ့
တို့မမျှော်တော့ဘူးကွယ်
အိပ်မက်များ ဟောင်းရင်းမေ့
ရင်ခုန်ခြင်း ပျယ်လွင့်ချိန်
ဒီလူဟာ တစ်ယောက်တည်းပဲ ရှိနေမယ်
တို့ဝေးသွားခဲ့ရင်
အမှန်ကို မင်းသိလို့လာမယ်
ရင်ထဲတမြေ့မြေ့ ကျွမ်းလောင်ခဲ့ခြင်းတွေ
အကြင်နာများ စိတ်ရှိသ၍
အကုန်လုံး ငါပေးဝေ
ဒါတွေဟာ ငါသိတဲ့ အချစ်ပါပဲ
တစ်ချိန်ချိန်မှာ မင်းလေးသိလိမ့်မယ်
သံယောဇဉ်စွမ်းအားနဲ့ အကြင်နာတွေ
အားလုံး မင်းကိုပေးဖူးတယ်
ငါဟာ ငါ့ရဲ့ဘဝထက် မင်းကို ချစ်တယ်
နောက်ဆုံးမှာ မင်းလည်းသိလိမ့်မယ်
သံယောဇဉ်စွမ်းအားနဲ့ အကြင်နာတွေ
မင်းကြောင့်သာ ကွဲပျက်ခဲ့ပါစေ
ဒါတွေဟာ ငါသိတဲ့အချစ်တွေပဲ
ခက်ခဲလွန်းတဲ့အချိန်
ငါပြန်စွန့်လွှတ်လိုက်ပါတယ်
နောက်ဆုံးတစ်နေ့နေ့
တို့မမျှော်တော့ဘူးကွယ်
အိပ်မက်များ ဟောင်းရင်းမေ့
ရင်ခုန်ခြင်း ပျယ်လွင့်ချိန်
ဒီလူဟာ တစ်ယောက်တည်းပဲ ရှိနေမယ်
တစ်ချိန်ချိန်မှာ မင်းလေးသိလိမ့်မယ်
သံယောဇဉ်စွမ်းအားနဲ့ အကြင်နာတွေ
အားလုံး မင်းကိုပေးဖူးတယ်
ငါဟာ ငါ့ရဲ့ဘဝထက် မင်းကို ချစ်တယ်
နောက်ဆုံးမှာ မင်းလည်းသိလိမ့်မယ်
သံယောဇဉ်စွမ်းအားနဲ့ အကြင်နာတွေ
မင်းကြောင့်သာ ကွဲပျက်ခဲ့ပါစေ
ဒါတွေဟာ ငါသိတဲ့အချစ်တွေပဲ
တစ်ချိန်ချိန်မှာ မင်းလေးသိလိမ့်မယ်
သံယောဇဉ်စွမ်းအားနဲ့ အကြင်နာတွေ
အားလုံး မင်းကိုပေးဖူးတယ်
ငါဟာ ပိုင်ဆိုင်တာတွေ အကုန်လုံးပဲလေ
နောက်ဆုံးမှာ မင်းလည်းသိလိမ့်မယ်
သံယောဇဉ်နှလုံးသားနဲ့အင်အားတွေ
မင်းကြောင့်သာ ကွဲပျက်ခဲ့ပါစေ
ဒါတွေဟာ ငါသိတဲ့အချစ်တွေပဲ