မေတ္တာတရားမရှိလို့လား ဘဝပေးတို့အဖြစ်ဟာ
ငါ့ကြောင့်လား မင်းကြောင့်လား
အကြိမ်ကြိမ်လွဲချော်လို့ ခဏအတွက်လား
အမြဲလိုလား ရင်ထဲထားရင်းသာ
တို့တစ်ယောက်တည်း ရှေ့ဆက်ဖို့
ကံတရားရွေးချယ်သလား
တကယ်ဆို တမ်းတရုံသာ
နင်ဟာအလွမ်းနဲ့နှစ်သိမ့်ထား
မျှော်နေချိန်တွေ ကိုယ်စိတ်ကူးထဲမှာ
ထာဝစဉ်သာရှင်သန်နေတော့မှာလား
လိုနေချိုမြိန်မင်းစကားသံ ဘယ်အချိန်မှာ
ငါပြန်ကြားနိုင်မလဲ ပျော်ရွှင်စရာတွေ
အိမ်မက်လေးတစ်ခုလို ပစ်ထားမှာလား
တကယ်ဆို အတူရှိသောနေ့တွေ
ပိုင်ဆိုင်ချင်တယ် ငါ့အတွက်လေ
ရင်ခုန်သံကို မညာပါနဲ့အချစ်ရေ
စိတ်ထဲရှိအတိုင်း
တကယ်ဆို အပူအပင်မဲ့နေ့တွေ
ပျော်ရွှင်ချိန်တွေ ရချင်တယ် ငါမျှော်နေမယ်
မြန်မြန်လေးတွေးပြီး ဖွင့်ပြောတော့လေ
မေတ္တာတရားမရှိလို့လား ဘဝပေးတို့အဖြစ်ဟာ
ငါ့ကြောင့်လား မင်းကြောင့်လား
အကြိမ်ကြိမ်လွဲချော်လို့ ခဏအတွက်လား
အမြဲလိုလား ရင်ထဲထားရင်းသာ
တို့တစ်ယောက်တည်း ရှေ့ဆက်ဖို့
ကံတရားရွေးချယ်သလား
တကယ်ဆို တမ်းတရုံသာ
နင်ဟာအလွမ်းနဲ့နှစ်သိမ့်ထား
မျှော်နေချိန်တွေ ကိုယ်စိတ်ကူးထဲမှာ
ထာဝစဉ်သာရှင်သန်နေတော့မှာလား
လိုနေချိုမြိန်မင်းစကားသံ ဘယ်အချိန်မှာ
ငါပြန်ကြားနိုင်မလဲ ပျော်ရွှင်စရာတွေ
အိမ်မက်လေးတစ်ခုလို ပစ်ထားမှာလား
တကယ်ဆို အတူရှိသောနေ့တွေ
ပိုင်ဆိုင်ချင်တယ် ငါ့အတွက်လေ
ရင်ခုန်သံကို မညာပါနဲ့အချစ်ရေ
စိတ်ထဲရှိအတိုင်း
တကယ်ဆို အပူအပင်မဲ့နေ့တွေ
ပျော်ရွှင်ချိန်တွေ ရချင်တယ် ငါမျှော်နေမယ်
မြန်မြန်လေးတွေးပြီး ဖွင့်ပြောတော့လေ
ငါမျှော်နေမယ် မြန်မြန်လေးတွေးပြီး
နင်ဖွင့်ပြောတော့လေ