ချစ်သောမောင်မောင်
ဆို - ခင်ပိုးပန်းချီ
Upload - ZAR (TCT FM)
>>>>>Solo<<<<<
Intro - 0:20
A- နွဲ့ဆိုး ထိပ်ခေါင်
အပိုမို ရှိုးကလေးဆောင်
အဆိုအငို ညုချွဲလောက်အောင်
လူတကာ ပေါ်တောင်
တစ်ဆင့်ကဲ မယောင်
ပျိုမျစ်နုနယ် ဒီအရွယ်
ချစ် ချစ်စဖွယ် တင့်အောင်
လေလွင့်ရွက်ဝါ သဘော
မေ့ချစ်သော မောင်မောင်.....
မထီမမြင် ပင့်ကူအိမ်
အကြား လှုပ် ရှား
ဟိုဟိုဒီဒီ မြားနတ်မောင်
သူ့ ချစ်ကစား
ရွှေရင်အုံ ကြားခိုက်နေအောင်
စိုက်လေ သလား
အသည်းကြားအထိ နစ်သမောင်
စွဲ မြဲထားသည့် ချစ်တန်ဆောင်
>>>>>><<>>>
B- မလိမ်မိုးနဲ့ မလိမ်မာ
ခရာ ပို ဆဲ
သာသလိုလို ချွဲ
ဗျာပါဆိုတောင် မနည်းပေါင်
ဇွတ်ကဲ တက်တာ
အခါခါညှို့  စွဲရအောင်
အလှ ဆောင်
စကားလေး စစ်ကြော
မေ့ချစ်သော မောင်မောင်.....
ပျိုမေအလို လိုက်ရာတွင်
မိုက် ချင်လား
အသာအယာ ရိုက်လိုက်ရင်
ရှိုက် ငိုသွား
လိုလိုချင်ချင် သူ့အသွင်ကို
ရှု့  မြင်ငြား
အရေးမထားဘဲ မဖြစ်အောင်
စွဲ မြဲထားသည့် ချစ်တန်ဆောင်
[{>>>> Music <<<<<}]
Intro - 2:05
A- မလိမ်မိုးနဲ့ မလိမ်မာ
ခရာ ပို ဆဲ
သာသလိုလို ချွဲ
ဗျာပါဆိုတောင် မနည်းပေါင်
ဇွတ်ကဲ တက်တာ
အခါခါညှို့  စွဲရအောင်
အလှ ဆောင်
စကားလေး စစ်ကြော
မေ့ချစ်သော မောင်မောင်.....
B- ပျိုမေအလို လိုက်ရာတွင်
မိုက် ချင်လား
အသာအယာ ရိုက်လိုက်ရင်
ရှိုက် ငိုသွား
လိုလိုချင်ချင် သူ့အသွင်ကို
ရှု့  မြင်ငြား
အရေးမထားဘဲ မဖြစ်အောင်
စွဲ မြဲထားသည့် ချစ်တန်ဆောင်
A+B- အရေးမထားဘဲ မဖြစ်အောင်
ချစ်သော မောင်မောင်......
THE END
ကျေးဇူးတင်ပါတယ်
Upload - ZAR (TCT FM)