ပန်းချစ်သူ
ခင်မောင်တိုး
လေပြေညှင်းရယ်ငြိမ်သက်ဆဲညမှာ
အသာယာတိုးဝှေ့တိုက်ခက်နေ
သင်းပျံ့မွှေးတဲ့ပန်းရနဲ့တွေ
ဆောင်ယူသယ်လာလေညှင်းရေ
ပန်းချစ်သူတို့ လက်နဲ့ကွယ်ခူးဆွတ်ဖို့ စိုးရွံ့လိုနေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင်
ယုယစွာထွေးပွေ့ ထားပါမယ်
အသာယာဆွတ်ယူရင်မှာသိမ်းထားမယ်
အိုလေပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ပန်းချစ်သူ
ကိုယ်တိုင်ချူကာဆွတ်ခူးမယ်
ပန်းချစ်သူတို့ လက်နဲ့ကွယ်ခူးဆွတ်ဖို့ စိုးရွံ့လိုနေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင်
ယုယစွာထွေးပွေ့ ထားပါမယ်
အသာယာဆွတ်ယူရင်မှာသိမ်းထားမယ်
အိုလေပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ပန်းချစ်သူ
ကိုယ်တိုင်ချူကာဆွတ်ခူးမယ်