အားနည်းချက် 
ခိုင်ထူး 
 0း 29 
     စီးကရက်တစ်လိပ် မီးညှိပြီး 
ရှိုက်လို့ ဖွာနေဆဲ 
မီးခိုးကလေးတွေ မင်းဖြစ်လာတယ် 
မင်းဖြစ်သွားတယ် လေထဲ 
ကိုယ်မှုတ်ထုတ် ပစ်လိုက်ဖို့ 
အင်အား ကိုယ့်မှာမရှိခဲ့ပါ 
  မိုး ကောင်းကင်မှာ 
ကိုယ့်မျက်လုံး မိုးသားနဲ့ဆုံလာတုန်း 
မိုး သားလေးတွေ မင်းဖြစ်လာတယ် 
မင်းဖြစ်သွားတယ် ဘယ်လိုမှ 
ကိုယ်ခေါင်းငုံ့ ပစ်လိုက်ဖို့ 
အင်အား ကိုယ့်မှာမရှိခဲ့ပါ 
  မင်းရဲ့သဏ္ဍာန် နေရာတိုင်း 
စိုးမိုးလို့ အနိုင်ယူနေကြတယ် 
အတွေးများမှာ နေရာတိုင်း 
မင်းမပါရင် မစိုပြေနိုင်ဘူး 
စိုပြေမလာဘူး မစိုပြေနိုင်တော့ဘူး 
ညဥ့် သုံးယံအခါ အိပ်ပျော်တုန်း 
ကိုယ့်ရဲ့ည မှောင်နေဆဲ 
ကိုယ့် အိပ်မက်မှာ 
မင်း ရောက်လာတယ် 
မင်း ရောက်ရောက်လာတယ် 
အိပ်မက် လေး 
ကိုယ်ဖျက် ပစ်လိုက်ဖို့ 
အင်အားကိုယ့်မှာ မရှိတော့ပါ 
 Music  
မင်းရဲ့သဏ္ဍာန် နေရာတိုင်း 
စိုးမိုးလို့ အနိုင်ယူနေကြတယ် 
အတွေးများမှာ နေရာတိုင်း 
မင်းမပါရင် မစိုပြေနိုင်ဘူး 
စိုပြေမလာဘူး မစိုပြေနိုင်တော့ဘူး 
စီးကရက်တစ်လိပ် မီးညှိပြီး 
ရှိုက်လို့ ဖွာနေဆဲ 
မီးခိုးကလေးတွေ မင်းဖြစ်လာတယ် 
မင်းဖြစ်သွားတယ် လေထဲ 
ကိုယ်မှုတ်ထုတ် ပစ်လိုက်ဖို့ 
အင်အား ကိုယ့်မှာမရှိခဲ့ပါ 
  ညဥ့်သုံးယံအခါ အိပ်ပျော်တုန်း 
ကိုယ့်ရဲ့ည မှောင်နေဆဲ 
ကိုယ့် အိပ်မက်မှာ 
မင်း ရောက်လာတယ် 
မင်း ရောက်ရောက်လာတယ် 
အိပ်မက် လေး 
ကိုယ်ဖျက်ပစ်လိုက်ဖို့ အင်အား 
ကိုယ့်မှာ မရှိခဲ့ပါ 
    By AyeKyaw greentiger