နားလည်ပေးပါကလေးရယ်
ချစ်ကောင်း
မင်းရဲ့မျက်နက်ဝန်းထဲ
ငုံ့ကြည့်လိုက်စဉ်ဝယ်
ရင်မှာမြည်တဲ့
ခေါင်းလောင်းသံလေးရယ်
အချက်ပေးနေတာလားကွယ်
မတော်တဆပဲလားကွယ်
ရင်ထဲကနားနဲ့ကြားတဲ့
စကားရဲ့အဓိပါယ်ရှာဆဲပဲ
မင်းရဲ့နှလုံးသားလေးထဲ
အမြဲစီးဆင်းနေတဲ့
ရေတံခွန်ပေါ်မှာ
အချစ်ပွင့်တွေရှိတယ်
ဒီပန်းပွင့်လေးတွေခုန်ဆင်း
ရေတံခွန်လေးလဲချို့ယွင်း
အလှဘုရားမလေးလည်း
သနားစရာအလှနဲ့
အားငယ်နေဆဲပဲ
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
လူတွေလူတွေမေးငေါ့
မျက်စောင်းထိုး
ကလေးဘ၀ဆိုးမှာစိုး
ကိုယ့်ကြောင့်
ဖြူစင်သေးတဲ့ကလေးကို
လူအထင်သေးမှာစိုးတယ်
ကြိုတင်ကာ
လက်တွဲဖြုတ်ခဲ့ပြီကွယ်
မင်းရဲ့မျက်နက်ဝန်းထဲ
ငုံ့ကြည့်လိုက်စဉ်ဝယ်
ရင်မှာမြည်တဲ့
ခေါင်းလောင်းသံလေးရယ်
အချက်ပေးနေတာလားကွယ်
မတော်တဆပဲလားကွယ်
ရင်ထဲကနားနဲ့ကြားတဲ့
စကားရဲ့အဓိပါယ်ရှာဆဲပဲ
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
လူတွေလူတွေမေးငေါ့
မျက်စောင်းထိုး
ကလေးဘ၀ဆိုးမှာစိုး
ကိုယ့်ကြောင့်
ဖြူစင်သေးတဲ့ကလေးကို
လူအထင်သေးမှာစိုးတယ်
ကြိုတင်ကာ
လက်တွဲဖြုတ်ခဲ့ပြီကွယ်
မင်းရဲ့နှလုံးသားလေးထဲ
အမြဲစီးဆင်းနေတဲ့
ရေတံခွန်ပေါ်မှာ
အချစ်ပွင့်တွေရှိတယ်
ဒီပန်းပွင့်လေးတွေခုန်ဆင်း
ရေတံခွန်လေးလည်းချို့ယွင်း
အလှဘုရားမလေးလည်း
သနားစရာအလှနဲ့
အားငယ်နေဆဲပဲ
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
လူတွေလူတွေမေးငေါ့
မျက်စောင်းထိုး
ကလေးဘ၀ဆိုးမှာစိုး
ကိုယ့်ကြောင့်
ဖြူစင်သေးတဲ့ကလေးကို
လူအထင်သေးမှာစိုးတယ်
ကြိုတင်ကာ
လက်တွဲဖြုတ်ခဲ့ပြီ
ချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်
အချစ်ကလေး
ကိုယ့်ကိုနားလည်ပေးပါ
ကလေးရယ်