အချဉ်မဟုတ်ဘူး မယုံတော့ဘူး
ဆင်ခြေတွေ လာမပေးနဲ့
ခြံခုန်နွား တခါခုန်ဖူး
ရင်ထပ်ခုန်ဖို့ ဝန်မလေးဘူး
အမှိုက်ပုံး မဟုတ်ဘူး
သူများအကြွင်းအကျန် ငါမသုံးဘူး
ပျော်တော်ဆက် ဂျိုကာတကဒ်
လိုလိုမှ တွဲဖို့လာရင်
သွားလိုက် ကိုင်းကြီးကြီးမှာနားလိုက်
မိုးကြိုးပစ် ကျားကိုက်သလို...
လိမ်ဖို့အတွက် အကွက်တွေရွေ့
မင်းကျိန်ပြောခဲ့....
(အားရားရားရာ...)
စကားလုံးကို ဓားတုံးအောင်
လျှာရိုးမရှိတိုင်း နင်ပြော....
ကောက်ရိုးမီးလို မင်းအချစ်တွေ
ဝုန်းကနဲထလောင် ပြာဖြစ်သွားရော
ကြားဖူးတယ် မဟုတ်လား
မင်းတပါးမှာသစ္စာ လူမှာကတိပါ
မင်းရဲ့တန်ဖိုးဟာ
မင်းရုပ်ရည်မဟုတ်ပါ မင်းစာရိတ္တ
မင်းကံကြီး ထိုက်လိမ့်မယ်
အဲ့သလိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက် မျက်နှာမများ....
အရမ်းလည်တဲ့ ဘီးကတနေ့မှာ
ချေးထိတတ်တယ် သတိထား....
မင်းတန်ဖိုးထားပြီး ချစ်တဲ့တစ်နေ့
နောင်တ နောက်မှရမယ်
အိုင်တွေ့တိုင်း ခြေဝင်ဆေး
နင်လိုလူ ငါမလွမ်းဘူး
ခြံခုန်နွား တခါခုန်ဖူး
ရင်ထပ်ခုန်ဖို့ ဝန်မလေးဘူး
သူငယ်တန်း မဟုတ်ဘူး
ပုံပြင်တွေ မခုံမင်တော့ဘူး
ဖြူစင်တဲ့ ဒီလူအချစ်
ကိုအရောင်များ အစွန်းထင်းမခံချင်
သွားလိုက် ကိုင်းကြီးကြီးမှာနားလိုက်
မိုးကြိုးပစ် ကျားကိုက်သလို...
လိမ်ဖို့အတွက် အကွက်တွေရွေ့
မင်းကျိန်ပြောခဲ့....
စကားတလုံးကို ဓားတုံးအောင်
လျှာရိုးမရှိတိုင်း နင်ပြော....
ကောက်ရိုးမီးလို မင်းအချစ်တွေ
ဝုန်းကနဲထလောင် ပြာဖြစ်သွားရော
ကြားဖူးတယ် မဟုတ်လား
မင်းတပါးမှာသစ္စာ လူမှာကတိပါ
မင်းရဲ့တန်ဖိုးဟာ
မင်းရုပ်ရည်မဟုတ်ပါ မင်းစာရိတ္တ
မင်းကံကြီး ထိုက်လိမ့်မယ်
အဲ့သလိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက် မျက်နှာမများ....
အရမ်းလည်တဲ့ ဘီးကတနေ့မှာ
ချေးထိတတ်တယ် သတိထား....
မင်းတန်ဖိုးထားပြီး ချစ်တဲ့တစ်နေ့
နောင်တ နောက်မှရမယ်
မင်းကံကြီး ထိုက်လိမ့်မယ်
အဲ့သလိုအချစ်ကို မကစားနဲ့
ခေါင်းဆယ်လုံး ဒဿဘီလူးတောင်
မင်းလောက် မျက်နှာမများ....
အရမ်းလည်တဲ့ ဘီးကတနေ့မှာ
ချေးထိတတ်တယ် သတိထား....
မင်းတန်ဖိုးထားပြီး ချစ်တဲ့တစ်နေ့
နောင်တ နောက်မှရမယ်
အာရီးရာရီးရားးး
အားးရားး....
အာရီးရာရီးရာရီးရားးး
အားးရားး....