ပိတောက်စိမ်း
တေးရေး-ကိုထွန်းမြင့်
တေးဆို-ချိုပြုံး
......Intro......
........Go......
စိမ်းရွက်လွှာ
လေမှာ လှုပ်ပြန်တော့
နွေသရုပ်ရယ်တဲ့
သည်ပန်းချီ
မွှေးလေပြီ
မွှေးလေပြီ လေယူတိမ်းမှာ
စိမ်း မြမြ စိမ်း
နွေရက်မှာ သူကတိမ်း
ယိမ်းညွှတ်လေချီ ပင်ပိတောက်စိမ်း
မြင်သူ့ရင်မှာ ဘ၀င်ငြိမ်း
ထုံနံ့သာ ရွှေရည်လိမ်း
အဖြေရှာ မရေရာသည့်ကိန်း
မေတ္တာပျက်၍ စိမ်းလေသလား
သစ္စာပျက်၍ စိမ်းလေသလား
မရေရာ စိတ်လွင့်တိမ်း
ရင်မှာ သောက မငြိမ်း
......go
မြမြ ရှိန်းရှိန်း အလှအပသူ့ယိမ်း
ပွင့်ဝါဝါ ကြွေဇာတ်ငြိမ်း
အမိမြေလွှာ ပိုက်ယူသိမ်း
ပိတောက်ဝါနဲ့ စိမ်းရွက်လွှာ
ခြားနားမတူ
လေယူချိုင်လည်း ခိုင်မြဲ၍သာ
ထာ၀စဉ် လေမှာ ယိမ်း
.........
ဂိမှာန်ရှောင်တိမ်း ၀သန်သို့သာ ယိမ်း
ရက်ငင် ပြောင်းခွာ
ပိတောက်ညှာလည်း
ခိုင်လွှာ၀တ်မှုန် ရနံ့ထုံလိမ်း
.........
မိုးမှ တဖန် ပြေးထွက်၍သာ
ဟေမန်လျောင်းစက် ဆောင်းရက်သို့ယိမ်း
ပုရစ်တံ မြရည်သွေးခြယ်လိမ်း
လေယူရာ ဘယ်ညာတိမ်း
မြ၀တ်လွှာ သူမသိမ်း
အသွင်မတိမ်း တမင်စိမ်းလေသည့်
ပိတောက်စိမ်း ပိတောက်စိမ်း
Solo.....music
.......go
နွေရက်မှာ သူကတိမ်း
ယိမ်းညွှတ်လေချီပင်ပိတောက်စိမ်း
မြင်သူ့ရင်မှာ ဘ၀င်ငြိမ်း
ထုံနံ့သာ ရွှေရည်လိမ်း
အဖြေရှာ မရေရာသည့်ကိန်း
မေတ္တာပျက်၍ စိမ်းလေသလား
သစ္စာပျက်၍ စိမ်းလေသလား
မရေရာ စိတ်လွင့်တိမ်း
ရင်မှာ သောက မငြိမ်း
........
မြမြ ရှိန်းရှိန်း အလှအပသူ့ယိမ်း
ပွင့်ဝါဝါ ကြွေဇာတ်ငြိမ်း
အမိမြေလွှာ ပိုက်ယူသိမ်း
ပိတောက်ဝါနဲ့ စိမ်းရွက်လွှာ
ခြားနားမတူ
လေယူချိုင်လည်း ခိုင်မြဲ၍သာ
ထာ၀စဉ် လေမှာ ယိမ်း
...........
ဂိမှာန်ရှောင်တိမ်း ၀သန်သို့သာ ယိမ်း
ရက်ငင် ပြောင်းခွာ
ပိတောက်ညှာလည်း
ခိုင်လွှာ၀တ်မှုန် ရနံ့ထုံလိမ်း
.........
မိုးမှ တဖန် ပြေးထွက်၍သာ
ဟေမန်လျောင်းစက် ဆောင်းရက်သို့ယိမ်း
ပုရစ်တံ မြရည် သွေးခြယ်လိမ်း
လေယူရာ ဘယ်ညာတိမ်း
မြ၀တ်လွှာ သူမသိမ်း
အသွင်မတိမ်း တမင်စိမ်းလေသည့်
ပိတောက်စိမ်း ပိတောက်စိမ်း
MinKhent