အလွမ်းဘွဲ့ မေနဲ့မောင်
ခွန်သန်းထွန်း
....
နေရောင်မဝင်
ညောင်ညိုရိပ်အောက်
အချစ်ငှက်ငယ်
ခိုနားသွားပြီ
နွေလယ်မှာ
မောင်တစ်ယောက်တည်းရယ်
အထီးကျန်
အဖော်ရယ်မဲ့ခဲ့ပြီ
အဆောင်အယောင်တွေ
ခေါ်ရာနောက်ကို
မောင့်ချစ်သူ လိုက်လို့သွားပြီ
နုံချာချာဘဝငမွဲမို့
လမ်းခွဲမှာ ငိုရစ်ရပြီ
Cho.....
လမ်းခွဲလေးထဲမှာ
မျက်ရည်လည်
ချစ်ခဲ့ရဘဝတစ်လျှောက်မို့
မုန်မမေ့နိုင်တယ်
နွေလယ်မှာလေ
မောင်တစ်ယောက်တည်း
ရင်နာလွမ်းရစ်ရပေါ့အချစ်ရယ်
ငိုကာနွမ်းရစ်ရပေါ့ကွယ် ဪ . .
ကံငယ်ခေ ရွှေရင်ကွဲလို့
လွမ်းတေးဆို ဥဩငှက်လို
မောင်မပျော်ပါ မေစေပါးခဲ့
အလွမ်းဘွဲ့ကို ယူကာဆွေးရစ်ပြီ
တိမ်တမန်
ဪမြူရောင်မသန်းတဲ့
ခြောက်သွေ့ကမ္ဘာ
နွေရိပ်အောက်မှာ
ပူလောင်ကာရော်ဝါရွက်လို
ဘဝပျက်ကာ
လေစုန်မျောခဲ့ပြီ
လမ်းခွဲလေးထဲမှာ
မျက်ရည်လည်
ချစ်ခဲ့ရဘဝတစ်လျှောက်မို့
မုန်မမေ့နိုင်တယ်
နွေလယ်မှာလေ
မောင်တစ်ယောက်တည်း
ရင်နာလွမ်းရစ်ရပေါ့အချစ်ရယ်
ငိုကာနွမ်းရစ်ရပေါ့ကွယ် ဪ . .
.....
လမ်းခွဲလေးထဲမှာ မျက်ရည်လည်
ချစ်ခဲ့ရဘဝတစ်လျှောက်မို့
မုန်မမေ့နိုင်တယ်
နွေလယ်မှာလေ
မောင်တစ်ယောက်တည်း
ရင်နာလွမ်းရစ်ရပေါ့အချစ်ရယ်
ငိုကာနွမ်းရစ်ရပေါ့ကွယ် ဪ . .
ကံငယ်ခေ ရွှေရင်ကွဲလို့
လွမ်းတေးဆို ဥဩငှက်လို
မောင်မပျော်ပါ မေစေပါးခဲ့
အလွမ်းဘွဲ့ကို ယူကာဆွေးရစ်ပြီ
တိမ်တမန်
ဪမြူရောင်မသန်းတဲ့
ခြောက်သွေ့ကမ္ဘာ
နွေရိပ်အောက်မှာ
ပူလောင်ကာရော်ဝါရွက်လို
ဘဝပျက်ကာ လေစုန်မျောခဲ့ပြီ
လမ်းခွဲလေးထဲမှာ
မျက်ရည်လည်
ချစ်ခဲ့ရအသည်းအသက်မို့
မုန်မမေ့နိုင်တယ်
နွေလယ်မှာလေ
မောင်တစ်ယောက်တည်း
ရင်နာလွမ်းရစ်ရပေါ့အချစ်ရယ်
ငိုကာနွမ်းရစ်ရပေါ့ကွယ် ဪ . .
ကျေးဇူးတင်ပါတယ် ..
ကိုကြီးဝင်းကျော်မြင့်အတွက်
အမှတ်တရ
ကိုကိုဝဿန်