ကံပါရင်
ငြိမ်းချမ်းကို
V:1•••လူတွေအားလုံးက
မင်းရဲ့အကြောင်းစုံသိပါ့မလား
ဖြေရှင်းပြဖို့အချိန်တွေ ယူဦးမလား
သူတို့မြင်တဲ့ ရှုထောင့်ကပဲ
ထင်ချင်ရာထင်နေမှာပဲ
စာနာရိုင်းပင်းစိတ်မဲ့တဲ့ သားရဲတွေနဲ့
ဝဋ်ကြွေးရှိခဲ့ရင် ဆုံရမှာပဲ
မကျူးလွန်မိတဲ့ အပြစ်ရှိရင်လဲ
ကံပါရင် ခံရမှာပဲ
Pre:•••ဟူး......
ကံဆိုးခြင်းက အိမ်ရှေ့ရောက်တဲ့အခါ
အိမ်တံခါးမခေါက်ပဲကိုယ့်အရှေ့ရောက်လာ
ရှောင်ချိန်မရပါ…
CHO:•••ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်
ဘာရန်ဆိုးအငြိုးအတေးမှ မထားတော့ပါဘူး
အမုန်းသံသရာရှည်ကိုလဲ ဆွဲမထားချင်ဘူး
ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်
ဒဏ်ရာခြင်းဓားသွားခြင်း မခင်းတော့ပါဘူး ဝမ်းနည်းခြင်းတွေအိမ်ကိုမသယ်ချင်တော့ဘူး
V:2•••ကိုယ်တိုင်တွေ့ရမှ
ဆင်းရဲခြင်းကို သိမြင်ရ
အမှန်တရားစောင့်တဲ့နတ်ဟာ
တကယ်ရှိလို့လား
လောကဓံရဲ့ လှိုင်းကြမ်းတွေထဲ ..
ကံပါရင် ခံရမှာပဲ
Pre:•••ဟူး......
ကံဆိုးခြင်းက အိမ်ရှေ့ရောက်တဲ့အခါ
အိမ်တံခါးမခေါက်ပဲကိုယ့်အရှေ့ရောက်လာ
ရှောင်ချိန်မရ....
CHO:•••ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်
ဘာရန်ဆိုးအငြိုးအတေးမှ မထားတော့ပါဘူး
အမုန်းသံသရာရှည်ကိုလဲ ဆွဲမထားချင်ဘူး
ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်
ဒဏ်ရာခြင်းဓားသွားခြင်း မခင်းတော့ပါဘူး ဝမ်းနည်းခြင်းတွေအိမ်ကိုမသယ်ချင်တော့ဘူး
•ကိုယ့်အပေါ်နာကျင်ခဲ့တဲ့သူအတွက်
ဘာရန်ဆိုးအငြိုးအတေးမှ မထားတော့ပါဘူး
အမုန်းသံသရာရှည်ကိုလဲ ဆွဲမထားချင်ဘူး
•ကိုယ့်အပေါ်အနိုင်ယူခဲ့တဲ့သူအတွက်
ဒဏ်ရာခြင်းဓားသွားခြင်း မခင်းတော့ပါဘူး ဝမ်းနည်းခြင်းတွေအိမ်ပြန်သယ်ချင်တော့ဘူး
ဟူး..........
•ကံပါလာတော့လည်း
•ဘယ်လိုပဲရှောင်လွဲမရတယ်
Shile_Lwin