စိုင်းချစ်တဲ့ရတနာ
စိုင်းဆိုင်မောဝ်
Introး
ပိတောက်ပွင့်လေးတွေဝေအောင်
ရတနာခေါင်းမှာပန်လို့
စိုင်းချစ်တဲ့ မြေပြန့်သူရယ်
နာမည်လေးလှသလို
လူကိုယ်တိုင်လည်း လှပါတယ်
စိုင်းအချစ်များကိုပိုင်သူ
ရတနာတစ်ယောက်မှာပျော်လို့
ရှမ်းစကားလည်း သူတတ်နေပြီ
အကြင်နာဆုံးသူ့ကို
ရာသက်လုံးချစ်ဖို့ ရွယ်ပါသည်
ဟေမာန်ဆောင်း
နှင်းဖွေးတွေကျခဲ့ရင်
တောင်ပေါ်စခန်း
အလည်တစ်ခေါက်တော့
ရောက်အောင်လို့
စိုင်းခေါ်မယ်လိုက်ခဲ့ကွယ်
တို့များမောရှမ်းဋ္ဌာနေ
မောင်းသံတွေကြား
ယှဉ်တွဲကမယ်လေ
အိုးစည်သံတွေကြား
ယှဉ်တွဲကမယ်လေ
နောင်း နောင်း နောင်း
တို့များရှမ်းဓလေ့
ရိုးရာဟန်ကပြောင်း
စိုင်းချစ်တဲ့သူပြန်ရင်
ချယ်ရီပန်းလေးတွေယူလို့
အမှတ်တရမို့ ပန်လိုက်ပါကွယ်
နောင်အခါဆောင်းရောက်ရင်
တူယှဉ်တွဲကဖို့မျှော်နေမယ်
Music
ပိတောက်ပွင့်လေးတွေဝေအောင်
ရတနာခေါင်းမှာပန်လို့
စိုင်းချစ်တဲ့ မြေပြန့်သူရယ်
နာမည်လေးလှသလို
လူကိုယ်တိုင်လည်း လှပါတယ်
စိုင်းအချစ်များကိုပိုင်သူ
ရတနာတစ်ယောက်မှာပျော်လို့
ရှမ်းစကားလည်း သူတတ်နေပြီ
အကြင်နာဆုံးသူ့ကို
ရာသက်လုံးချစ်ဖို့ ရွယ်ပါသည်
ဟေမာန်ဆောင်း
နှင်းဖွေးတွေကျခဲ့ရင်
တောင်ပေါ်စခန်း
အလည်တစ်ခေါက်တော့
ရောက်အောင်လို့
စိုင်းခေါ်မယ်လိုက်ခဲ့ကွယ်
တို့များမောရှမ်းဋ္ဌာနေ
မောင်းသံတွေကြား
ယှဉ်တွဲကမယ်လေ
အိုးစည်သံတွေကြား
ယှဉ်တွဲကမယ်လေ
နောင်း နောင်း နောင်း
တို့များရှမ်းဓလေ့
ရိုးရာဟန်ကပြောင်း
စိုင်းချစ်တဲ့သူပြန်ရင်
ချယ်ရီပန်းလေးတွေယူလို့
အမှတ်တရမို့ ပန်လိုက်ပါကွယ်
နောင်အခါဆောင်းရောက်ရင်
တူယှဉ်တွဲကဖို့မျှော်နေမယ်
ရတနာလေးတစ်ယောက်ကို
ရာသက်လုံးချစ်လို့နေမယ်ကွယ်
နောင်အခါဆောင်းရောက်ရင်
တူယှဉ်တွဲကဖို့မျှော်နေမယ်
By AyeKyaw greentiger