ပြောပြပါသံလွင်
စိုင်းဆိုင်မောဝ်
Introး
နမ့်ခုံး........ နမ့်ခုံး
လွိုင် လုံးလိုက်ယူ...တာဆူ
မြစ်ရေ စီးသံ တစ်လွင်လွင်
အရှေ့ပိုင်း ရှမ်းပြည် ရောက်ရင်
သတိရ စရာ အကြောင်း လေးတွေ
တွေးလေ ဆွေးမပြေ ရင်ထဲ
သိခဲ့တယ် ရှိခဲ့တယ် ဒီယနေ့ တိုင်ပဲ
သံလွင် အကြောင်းကို
ကိုယ်မမေ့နိုင်တယ်
ရှမ်းကလေး ရွာလေး တစ်ရွာမှာ
ကြင်နာသူလေး တစ်ယောက်
ပျောက်လို့ လိုက်ရှာ ရှာခဲ့ပုံရယ်
ဘယ်များ ရောက်လို့ သွားတယ်
ဘယ်သူများ ဖွက်လို့ထားတယ်
မြစ်သံ လွင်ပြော စမ်းကွယ်
ချစ်လာ ပြီးကာ မှပဲ
သူလေး ကစခွဲတယ်
တစ်ယောက်တစ်ဖက်
နေကြစို့ ပြောတယ်
မြစ်သံ လွင်ရေနဲ့ခြား
ညားဖို့ရယ် များကမလွယ်
သည်ယနေ့ တိုင်ပဲ
ပုံပြင်လေးက ကြေကွဲစရာရယ်
ခံစား ရသူအဖို့မှာ
မစံစား ရပြီအချစ်ရယ်
မြစ်သံ လွင်အသိ ဆုံးကွယ်
နမ့်ခုံးနဘေး ရွာသူလေး
ဘာ့ကြောင့် မုန်းမာန်ပွားလို့
ရှောင်ပြေး တာလဲ
အချစ်ကြီးသူ တစ်ယောက်ရဲ့
ရင်ထဲ မှာလေ
မချစ်ဘဲနဲ့ မနေနိုင်တယ်
အသည်းက
ချစ်သံယောဇဉ် တွယ်ခဲ့ပြီပဲ
ချစ်လာ ပြီးကာ မှပဲ
သူလေး ကစခွဲတယ်
တစ်ယောက်တစ်ဖက်
နေကြစို့ပြောတယ်
မြစ်သံ လွင်ရေနဲ့ခြား
ညားဖို့ရယ် များကမလွယ်
သည်ယနေ့ တိုင်ပဲ
ပုံပြင်လေးက ကြေကွဲစရာရယ်
ခံစား ရသူအဖို့မှာ
မစံစား ရပြီအချစ်ရယ်
မြစ်သံ လွင်အသိဆုံးကွယ်
နမ့်ခုံးနဘေး ရွာသူလေး
ဘာ့ကြောင့် မုန်းမာန်ပွားလို့
ရှောင်ပြေး တာလဲ
အချစ်ကြီးသူ တစ်ယောက်ရဲ့
ရင်ထဲ မှာလေ
မချစ်ဘဲနဲ့ မနေနိုင်တယ်
အသည်းက
ချစ်သံယောဇဉ် တွယ်ခဲ့ပြီပဲ