အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ
စိုင်းထီးဆိုင်
ပျော်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ ဒီလောက ရဲ့အထာ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ
နေသာ ခိုက်မှာမြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း
မိုးမအုံ့ပါဘူးမပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲ.. နွဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့ အငိုသာကျန်မြဲပါ
ကိုယ့်အတွက်မှာတော့
အချစ်စစ်ဆိုတာဟာလေ
ထာဝစဉ်.. ပေးဆပ်ရခြင်းပါ
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ
ပျော်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ ဒီလောက ရဲ့အထာ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ
နေသာ ခိုက်မှာမြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း
မိုးမအုံ့ပါဘူးမပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲ.. နွဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့ အငိုသာကျန်မြဲပါ
ကိုယ့်အတွက်မှာတော့
အချစ်စစ်ဆိုတာဟာလေ
ထာဝစဉ်.. ပေးဆပ်ရခြင်းပါ
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာ.. လျှို့ဝှက်ချက် တစ်ခုပါ