အောင်ခြင်းရှစ်ပါး
တေးရေး.. သဟာယဆရာတင်
တေးဆို..စိုးစန္ဒာထွန်း
အောင်ခြင်းရှစ်ပါး
အသံကြားတဲ့အခါ
စီးပွားဥစ္စာ အဟုတ်မကြာအောင်မှာ
ကျန်းမာ ချမ်းသာပါလို့
ဘေးရန်မဝိုင်း
ကြံတိုင်းအောင်
ဆောင်တိုင်းမြောက်မှာ
ခုနှစ်ရက်သားသမီးများနဲ့
နတ်လူ..... ဗြဟ္မာ
သက္ကရာဇ်ကောဇာ တစ်ရာ့သုံးခုမှာ
လပြည့်နွေကဆုန်
ရွှေဘုန်းတော် ခြောက်ဖြာတောက်ကာ
မဟာဗောဓိ ညောင်ပင်အောက်မှာ
ဘုရားအဖြစ် တရားအစစ်နဲ့
ရွှေပုလ္လင်ထက်မှာ စံပယ်ချိန်ခါ
ပြောင်မာတင် မေခလာ
ဆင်ရတနာစီးလို့
မာရ်နတ်မင်းရယ် အားမာန်တင်းကာ
ဝဿဝတီနတ်ပြည်ကလာ
စစ်ချီကာ ရန်တွေမူလို့
ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ
သည်းခံပါ၍ အမျက်မထား
ပါရမီဆယ်ပါးနဲ့
မာရ်နတ်ရန် နင်းနှိမ်ပေရှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း ပထမပါ
အာဠဝီပြည်အနီး....
ညောင်ပင်ကြီးမှာ
တစ်ဦးတည်း ဘီလူးကြီး
အာဠာဝကစံရာ
တစ်နေ့သော် မြတ်စွာဘဂဝါ
သူ့စံနန်း မြန်းတော်မူလာ
ဘီလူးကြီးအာဠာဝက
ယမ်းပုံမီးကျ တားမရဆီးမနိုင်
ဒေါသလှိုင်ကာ
ဘုရားကိုပြိုင်ဆိုင် မနိုင်ငြား
မာန်စွယ်များလည်းကျရရှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း ဒုတိယပါ
အခါတစ်ပါး မြတ်စွာဘုရားသည်
ရာဇဂြိုလ်ပြည်လမ်းမှာ
ဆွမ်းခံကြွလာခိုက် သတ်လိုက်မယ်တဲ့
ဒေဝဒတ်အမိုက်ရယ် ကြံစည်ပြန်တာ
နာဠာဂီရိ အမည်ရှိတဲ့ ဆင်ကို
အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ
ဘုရားမြတ်စွာကိုပင် အနင်းခိုင်းလိုက်တာ
သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ
ဒူးတုပ်ရရှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း တတိယပါ
ရှေးသရောအခါ သာဝတ္တိပြည်ဌာနမှာ
လူဆိုးဗိုလ် အင်္ဂုလိမာလဟာ
သံလျက်ဓါးကို သူ့လက်ဖျားက မချပါ
ရှေးသရောအခါ သာဝတ္တိပြည်ဌာနမှာ
လူဆိုးဗိုလ် အင်္ဂုလိမာလဟာ
သံလျက်ဓါးကို သူ့လက်ဖျားက မချပါ
ဓါပြကြီးလုပ်၍ ဆိုးယုတ်ပုံမှာ
လက်ညှိုးတွေ ဖြတ်လို့သာ
ထိုအခါ ဘုရားကြွလို့
မမှားရဖို့ တရားပြတော်မူရှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း စတုတ္ထပါ
မြတ်ဘုရားတော် မြွက်ရှာပါလို့
သိကြားဗြဟ္မာ အများသတ္တဝါဗိုလ်ပုံ
ပရိသတ်စုံတဲ့ မင်္ဂလာပွဲမှာ
စိဉ္စမာနမိန်းမယုတ်မှာ
သူ့ဗိုက်ကို ပျဉ်ချပ်ဖုံးကာ
ဘုရားဂေါတမနဲ့ ကမ္မဌာန်းဇောကျကာ
ငိုကြွေးအရှက်မွှန်
ကိုယ်လေးလက်ဝန် ရှိတဲ့ပုံဟန်ဆောင်လို့
သူစွပ်စွဲလာ
အပြစ်တော်မယူဘဲ လူပုံထဲမှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း ပဉ္စမပါ
သုံးလူ့ထွတ်ထား မြတ်ဘုရားဒေသနာ
မှတ်သားဖွယ်ဝေနေယျာ
အနိစ္စရယ် ဒုက္ခရယ် အနတ္တတရားကို
မှားတယ်ဆို၍ မကြည်ညိုပြန်တာ
အယူလွဲတဲ့ ငရဲမိစ္ဆာ
သစ္စကပရိဗိုဇ် မလိမ္မာ
ဒေသနာတော် အနန္တကို
မြတ်ဘုရားက နောင်မမှားအောင်
သစ္စကကို တရားပြရှာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း ဆဌမပါ
ဇဗ္ဗူကျွန်း
မြင်းမိုရ်ရွှေတောင် ခါးပန်းမှာ
ကြမ်းတမ်းတဲ့ နတ်နဂါးပါ
မှတ်သားလောက်စရာ နန္ဒောပနန္ဒ
လျှပ်တပျက် အသက်ရာကုဋေ
ခြွေခွင်း မြွေမင်းရာဇာ
မြတ်ဘုရားရဲ့ သားတော်ရှင်မောဂ္ဂလာန်
နှိမ်နင်းဖို့လွှတ်လို့သာ
စိတ်နှလုံးသိမ်မွေ့ကာ
နဂါးကြီးခေါင်းငိုက် ဦးခိုက်ပါ၍
ခစားဖို့ရောက်လို့လာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း သတ္တမပါ
ဗြဟ္မာ့ဘုံမှာ တန်းခိုးဂုဏ်မာန်သတင်း
နေဆယ်စင်းသို့ပုံပမာ ဗကဗြဟ္မာကြီးဟာ
အမှားကြီးမှားလို့ အယူသည်းနေရှာ
ငါသာမြဲတယ် စိတ်မှာစွဲကာ
ဘုရားကိုပင် ကန့်လန့်တိုက်၍
မိုက်နေပုံကို ဆိုးနေပုံကို
ဘဂဝါဘုရားကသာ
ဒေသနာတရားပြတာ
အဲ့ဒီတော့ ဗကဗြဟ္မာ
မာန်စွယ်ချလို့ ရှိခိုးရတာ
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်း အဌမပါ
ရွှင်လန်းချမ်းမြေ့ကြပါစေ....