နှုတ်မဆက်နဲ့ငိုချင်တယ်
ပျော်လို့မဆုံး ပြုံးလို့မဝသေးတယ်
ဒီအချိန်ဝယ် တစ်ရပ်တစ်ကျေးနယ်
အဝေးကိုသူသွားမယ် ရုတ်တရက်ကွယ်
မခွဲစဖူးခွဲရက်တယ် ဘယ်လိုပင်ကွယ်
ဟန်ဆောင်ပါလည်းမလွယ်
မျက်ရည်များကဝဲလို့သာလာပါတယ်
သူရဲ့မျက်နှာမြင်ရရင်ကွယ်
စိတ်ထဲမယ်ခွဲရတာမလိုချင်တယ်
မမျှော်လင့်ပဲ
ခွဲရတော့ကွယ်ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ
ရင်ထဲဝယ်ကြိတ်လို့ရယ်
နှစ်ဦးသားစကားပြောထွက်မလွယ်
ရီဝေစွာရယ်ငိုချင်လာမိတယ်
တစ်ယောက်ကိုတစ်ယောက်က
နှုတ်ဆက်ခါသာရည်ရွယ်
အသည်းထဲမှာနာကျင်တယ်
အချစ်ဦးရယ် နှုတ်ဆက်ရင်ငိုချင်တယ်
မမျှော်လင့်ပဲ
ခွဲရတော့ကွယ်ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ
ရင်ထဲဝယ်ကြိတ်လို့ရယ်
နှစ်ဦးသားစကား ပြောထွက်မလွယ်
ရီဝေစွာရယ်ငိုချင်လာမိတယ်
တစ်ယောက်ကိုတစ်ယောက်က
နှုတ်ဆက်ခါသာရည်ရွယ်
အသည်းထဲမှာနာကျင်တယ်
အချစ်ဦးရယ် နှုတ်ဆက်ရင်ငိုချင်တယ်