menu-iconlogo
huatong
huatong
avatar

လာမယ်ဆိုကြိုမှာလား

စိုးလွင်လွင်huatong
লিরিক্স
রেকর্ডিং
လာမယ်ဆိုကြိုနေမှာလား

စိုးလွင်လွင်

ကိုယ်ဘယ်ကိုရောက်ရောက် မင်းကိုတော့

ကိုယ့်စိတ်က သတိရနေတာ

ဘယ်နေရာမှာဖြစ်ဖြစ် မင်းကိုတော့

ခဏတဖြုတ်မှ မေ့မရနိုင်ပါ

ဘယ်လိုမှ မေ့လို့မရဘူး

အတွေးထဲ အမြဲဝင်တယ် မင်းအကြောင်း

ဒါကိုမတွေး မတွေးသင့်တော့မှန်း

သြော် သိလျက်နဲ့ သတိရနေတာ

သြော် သိလျက်နဲ့ သတိရနေတာ

မြေဘယ်လောက်ဝေးဝေး ဝေးနေလည်း

ကိုယ့်စိတ်က မင်း ဆီမှာ

ရေဘယ်လောက်ခြားခြား ခြားနေလည်း

မင်းစိတ်နဲ့ ကိုယ့်ရဲ့ ကိုယ်ပါ

အရင်လိုပဲ နှစ်ကိုယ့်တစ်စိတ် တစ်ကိုယ်တည်း

မပြောင်းလဲဘူး မင်းအပေါ်ကိုယ်သဘောထား

ရေကိုဖြတ် အဖြတ်ခက်သလိုပဲ

သမုဒယရဲ့ကြိုးက ခိုင်မာ

သြော် သမုဒယရဲ့ကြိုးက ခိုင်မာ

နာအောင်တစ်ဖက်စောင်းနင်း စကားတွေလည်း

ကိုယ့်ချစ်ခြင်းကို မဖျက်ဆီးနိုင်ဘူးကွယ်

လာနိုင်အောင် ကိုယ်ကြိုးစားနေတယ်

မျှော်လင့်ချက်တွေ ရင်ထဲမှာအပြည့်နဲ့

Solo

တကယ်လို့များ တွေ့ခဲ့ရင်တော့

အမှားတချို့အတွက် တောင်းပန်ချင်တာ

ကြိုဆိုမလား ငြင်းလိုက်မှာလား

ကိုယ်မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

ကိုယ်မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

နာအောင်တစ်ဖက်စောင်းနင်း စကားတွေလည်း

ကိုယ့်ချစ်ခြင်းကို မဖျက်ဆီးနိုင်ဘူးကွယ်

လာနိုင်အောင် ကိုယ်ကြိုးစားနေတယ်

မျှော်လင့်ချက်တွေ ရင်ထဲမှာအပြည့်နဲ့

ဘယ်သူဆီမှာ မင်းအကြောင်းသိရမလဲ

ကိုယ်နားပဲ အမြဲစွင့်နေတာ

ဘယ်နေရာမှာ မင်းနဲ့တွေ့နိုင်မလဲ

ကိုယ်ကြိုးစားရင်း ကြိုးစားဖွေရှာ

တကယ်လို့များ တွေ့ခဲ့ရင်တော့

အမှားတချို့အတွက် တောင်းပန်ချင်တာ

ကြိုဆိုမလား ငြင်းလိုက်မှာလား

ကိုယ်မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

ကြိုဆိုမလား ငြင်းလိုက်မှာလား

ကိုယ်မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

ကိုယ်မင်းရှေ့မှောက် ရောက်တဲ့အချိန်မှာ

ကြိုဆိုမလား ငြင်းလိုက်မှာလား...

Thanks

YeNaing38

စိုးလွင်လွင် থেকে আরও

সব দেখুনlogo
စိုးလွင်လွင်-এর လာမယ်ဆိုကြိုမှာလား - লিরিক্স এবং কভার