* စိုးလွင်လွင် *
ရင်ထဲမှာငိုနေတယ်မိန်းကလေးရယ်
အားလုံးပြီးဆုံးခဲ့ပေမဲ့
ပြန်မလာမဲ့လမ်းဟာ
ငြိမ်သက်တိတ်ဆိတ်လို့နေတယ်
သစ်ရွက်ကျကြွေခြေသံများလား
အတူနေခဲ့ဘူးတဲ့အိမ်ကလေးထဲမှာ
ခွင့်လွှတ်ခြင်းဆိုတဲ့အခန်းလေးရှိသေးတယ်
ကျေနပ်စွာခံယူမယ်မိန်းကလေးရေ
မင်းရဲ့လှည့်ကွက်များစွာထဲ
သာယာနေတတ်သူ
ယုံစားစိတ်ချမိပါတယ်
အချစ်ကအသိအာရုံကိုဖုံးကွယ်
သူဆန္ဒပြည့်အောင်ဆော့ကစားပြီးတော့
အပြစ်တွေဖွဲ့ကာအဝေးသို့ပြေးထွက်သွားလေတယ်
မွှေးပျံ့တဲ့ကိုယ်သင်းရနံလေးတွေ
အခုထိပျယ်လွင့်မသွားပဲ
ထွက်သက်ဝင်သက်တိုင်း
သတိရစရာတွေဖြစ်နေတယ်
မင်းကိုယ့်အပေါ်ခြွေတဲ့အမုန်းတွေ
လက်ထဲမှာပွေ့ကာရှိုက်နမ်းရင်းနဲ့
ဒီညနေလဲကိုယ်မျက်ရည်ကျရအုံးမှာပဲ
Lyrics Editor
JadonZINKO
ကျေနပ်စွာခံယူမယ်မိန်းကလေးရေ
မင်းရဲ့လှည့်ကွက်များစွာထဲ
သာယာနေတတ်သူ
ယုံစားစိတ်ချမိပါတယ်
အချစ်ကအသိအာရုံကိုဖုံးကွယ်
သူဆန္ဒပြည့်အောင်ဆော့ကစားပြီးတော့
အပြစ်တွေဖွဲ့ကာအဝေးသို့ပြေးထွက်သွားလေတယ်
မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးတွေ
အခုထိပျယ်လွင့်မသွားပဲ
ထွက်သက်ဝင်သက်တိုင်း
သတိရစရာတွေဖြစ်နေတယ်
မင်းကိုယ့်အပေါ်ခြွေတဲ့အမုန်းတွေ
လက်ထဲမှာပွေ့ကာရှိုက်နမ်းရင်းနဲ့
ဒီညနေလဲကိုယ်မျက်ရည်ကျရအုံးမှာပဲ
လက်ထဲမှာပွေ့ကာရှိုက်နမ်းရင်းနဲ့
ဒီညနေလဲကိုယ်မျက်ရည်ကျရအုံးမှာပဲ
ZKPRODUCTION27