အဆုံးအဖြတ်
ဆိုင်စံ
လူမှန်ရင် အချစ်ကမ္ဘာကို ရှာစမြဲမို့လေ
ရှာခဲ့ရဖူးတယ် မေ
ရင်နာစရာ အကြောင်းတွေကို
ဖန်တီးခဲ့သူ အချစ်ရေ
မပိုင်ဆိုင်သူ အတွက်ဆို
ဒီကမ္ဘာ လောကဟာ
အစဉ်အမြဲ ခန်းခြောက်နေဆဲ
အဖြစ်ဟောင်းရဲ့ အကြွင်း အကျန်တွေကို
မစဉ်းစားနဲ့လေ အချစ်ရေ
မယုံနိုင် အောင်ပဲ သူဖျက်စီးခဲ့တယ်
မရောက်သေးတဲ့ အချစ် လမ်းခရီးကို
ရင်နာစရာရဲ့ အခြေခံဟာ
သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ
အဆုံးအဖြတ်ပါ
တကယ်ဆိုရင် မင်းဟာ လိုလေသေးမရှိတဲ့
ဆန္ဒရဲ့ တန်ခိုးရှင်လား
ဒါဆိုရင် မင်းဟာ
ကိုယ်နဲ့မထိုက်မှန်း သိတယ်
အချစ်ရေ
မယုံနိုင် အောင်ပဲ သူဖျက်စီးခဲ့တယ်
မရောက်သေးတဲ့ အချစ် လမ်းခရီးကို
ရင်နာစရာရဲ့ အခြေခံဟာ
သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ
အဆုံးအဖြတ်ပါ
လူမှန်ရင် အချစ်ကမ္ဘာကို ရှာစမြဲမို့လေ
ရှာခဲ့ရဖူးတယ် မေ
ရင်နာစရာ အကြောင်းတွေကို
ဖန်တီးခဲ့သူ အချစ်ရေ
မယုံနိုင် အောင်ပဲ သူဖျက်စီးခဲ့တယ်
မရောက်သေးတဲ့ အချစ် လမ်းခရီးကို
ရင်နာစရာရဲ့ အခြေခံဟာ
သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ
အဆုံးအဖြတ်ပါ
တကယ်ဆိုရင် မင်းဟာ လိုလေသေးမရှိတဲ့
ဆန္ဒရဲ့ တန်ခိုးရှင်လား
ဒါဆိုရင် မင်းဟာ
ကိုယ်နဲ့မထိုက်မှန်း သိတယ်
အချစ်ရေ
May_Zin_Star