မြို့အဝင်ည
ရေး-ဇဝါ
နေဝင်ရင် မြို့ ဟောင်းလေးရဲ့လမ်းတချို့ မှာ
လမ်းမီးများ လင်းတဲ့အချိန် သီချင်းလေးကတော့ ရောက်နှင့်တယ်
အဆုံးမဲ့ကွင်းပြင်တွေနဲ့ညရဲ့ လရောင်ပြာထဲ မြို့ရဲ့လမ်းတွေလျှောက်ချင်တယ်
ရင်ထဲ စီးဆင်း သီချင်းလေးညည်းရင်း အခုညတွေဆို (ဒီ)မြို့လေးထဲသို့ ဝင်လာခဲ့ပြီ
ခံစား လက်ချင်းဆက်ရင်း တေးသွားတွေ မြို့ကိုခြုံလွှမ်းဆဲ
အေးချမ်းစွာ မီးရောင်စုံများနဲ့ ညလေးစီးဆင်း
ရင်ခုန်သံ တူညီသူတွေ ဟိုအရင် အလှမ်းဝေးလွန်းကြလည်းပဲ အခုညတော့ နီးနေပြီ
ရင်ထဲက ဆေးနဲ့ရေးတဲ့ သံစဉ်လေး မြို့ကို ပြန်လည်ကာလေ ပေးဆပ်မည်
ကြည့်စမ်း ညဆီ တို့လည်းစီးဆင်း
အခုညတွေဆို မြို ့လေးထဲသို့ ပျော်ဝင်ခဲ့ပြီ
ခံစားချက် လက်တွဲရင်း တေးသွားတွေ ကြယ်တွေလိုပျံနှံခဲ့
အေးချမ်းစွာ ရောင်စုံ လူ များနဲ့ ညလေး စီး..ဆင်း.
Alright...
GTR SOLO
နေဝင်ရင် ဟောဒီမြို့ရဲ့လမ်းများမှာ ဖမ်းမီးများ လင်းတဲ့အချိန်
သီချင်းလေးများနဲ့ ရောက်ခဲ့ပြီ အဆုံးမဲ့ ကွင်းပြင်များနဲ့ ညရဲ့ လရောင်ပြာထဲ
ဒီမြို့ကို နမ်းရှိုက်ရင်း
ရင်ထဲ စီးဆင်း သီချင်းလေးညည်းရင်း အခုညတွေဆို မြို့လေးထဲသို့ ဝင်လာခဲ့ပြီ
ကြည့်စမ်း ညဆီ တို့လည်းစီးဆင်း အခုညတွေဆို မြို ့လေးထဲသို့ ပျော်ဝင် ခဲ့ ..ပြီ
ဟူး..ဟူး
GTR.... Solo
အတူတူ သီချင်းလေးတွေညည်းရင်း
ပြာသောညတွေ စီးဆင်း... Yeah.
Fine: :)