သီတာရေစင်
--ကိုသက်ဦး
--ညီရဲထိုက်
မြင့်မား ခေါင်ခေါင်
တောင်ထိပ် ပေါ် မှ
ဖြတ်ကျော် ကျလာ
စိမ့်ရေ စမ်းရေ ပမာ
ကြည်လင် မြ မြ
အေး လှပေ တာ
မိဘ နှစ်ဖြာ
သားသမီး အပေါ်မှာ
နှစ်နှစ် ကာကာ
ချစ်တဲ့ မေတ္တာ...
သီတာ ရေစင် ပမာ
တသွင်သွင် စီးကျလေတာ ...။
မိခင် ဖခင် နှစ်ဖြာ
သားသမီးအပေါ်မှာ....
ကြီးမားလှစွာ
မေတ္တာ ပွား ...
ကရုဏာ ထား ...
ချစ်အား သန်ကြပေတာ...
ချစ်ခင်ရှာသော
မေတ္တာ.မေတ္တာ....
ကျွေးမွေး ပြုစုလာ
ယုယကြင်နာ
ငယ်စဉ်တုန်းခါ....
ရင်မှာ ပိုက်ကာ
ထွေး .. နို့ချိုကျွေး
မွေး လာ .. ရ
မိဘတို့မှာ မိဘတို့မှာ...
အေ . အေး .. အို --
တေးဆို ပေးကာ
အိပ်ပါ လူကလေး
မေ့ရင်သွေး ....
စိတ်အေးချမ်းသာ....
သိပ်ပါသော် .. မှ
အိပ်ကာ ပျော်သပ
သားလှလေးရဲ့ မျက်နှာ
မိခင်မာတာ
တစိမ့်စိမ့်ကြည့်ရင်းသာ...
နှလုံးအိမ်တွင်း
ချစ်ခြင်းမေတ္တာ
တဖျပ်ဖျပ်ရိုက်ခတ်
ပေါ်လာပြန်တာ
သီတာ ရေစင် ပမာ
တသွင်သွင် စီးကျလေတာ ...။
ရှေး လွန်လေပြီးသောအခါ...
ရာဇဂြိုလ်တိုင်း မဟာ
ဘုရင် ဗိမ္မိသာရ
သူ့သားအလှ ရတနာ ..
အဖကိုသာ
သတ်မယ့်သားလို့...
ပုဏ္ဏားတော်များ
ဟောကြားခဲ့တာ
ဖခင် ဘုရင်ကြီးမှာ
မကြားလိုပါ မကြားလိုပါ....
သတ်လိုလျှင်
သတ်ပါစေတော့....
မလျော့သော
မေတ္တာတွေပါ...
သီတာ ရေစင် ပမာ
တသွင်သွင်.စီးကျလေတာ ...။
သတ်ရန် ဝေလာဝေး
သားတော်လေးရဲ့လက်မှာ....
ခူနာ ပေါက်တဲ့အခါ
အနာပြည် ကိုက်ကာ
ရှိုက်ကာ ငိုကြွေး ပါလို့
မအိပ်နိုင် မစားနိုင်
တမှိုင်မှိုင် ငေးနေရရှာ
ဘုရင် ဗိမ္မိ သာရ
ချစ်လှတဲ့ ဘုရင်ကြီးခမျာ...
ရင်နှစ် သည်းချာ
သားတော်ရဲ့ ဝေဒနာကိုသာ....
သက်သာစေဖို့
အာခံတွင်းထဲမှာ
သွင်းကာ ငုံထား....
အနာပြည် မှည့်...
လေသော.အခါ....
အာခံတွင်းထဲမှာ....
အာခံတွင်းထဲမှာ...
ပေါက်ပြန်လေ တော့တာ ...
ဖခင်မှာ မျိုကာ ချရှာ
သားလှလေး ချစ်ရေးပိုစွာ...
ကြီးမားတဲ့ ထိုမေတ္တာ
ကြီးမားလှတဲ့ ထိုမေတ္တာ...
သီတာ ရေစင် ပမာ
တသွင်သွင်.စီးကျလေတာ ...။
မိခင် ဖခင် နှစ်ဖြာ
သားသမီးအပေါ်မှာ....
ကြီးမားလှစွာ
မေတ္တာ ပွား..
ကရုဏာ ထား ...
ချစ်အား သန်ကြပေတာ...
ချစ်ခင်ရှာသော
မေတ္တာ.မေတ္တာ....
ကျွေးမွေး ပြုစုလာ
ယုယကြင်နာ
ငယ်စဉ်တုန်းခါ....
ရင်မှာ ပိုက်ကာ
ထွေး .. နို့ချိုကျွေး
မွေး လာ .. ရ
မိဘတို့မှာ မိဘတို့မှာ...
အေ . အေး .. အို --
တေးဆို ပေးကာ
အိပ်ပါ လူကလေး..
မေ့ရင်သွေး ....
စိတ်အေးချမ်းသာ....
သိပ်ပါသော် .မှ...
အိပ်ကာ ပျော်သပ...
သားလှလေးရဲ့ မျက်နှာ...
မိခင်မာတာ
တစိမ့်စိမ့်ကြည့်ရင်းသာ...
နှလုံးအိမ်တွင်း
ချစ်ခြင်းမေတ္တာ
တဖျပ်ဖျပ်ရိုက်ခတ်
ပေါ်လာပြန်တာ
သီတာ ရေစင် ပမာ
တသွင်သွင် စီးကျလေတာ ...။
ရှေး လွန်လေပြီးသောအခါ...
ရာဇဂြိုလ်တိုင်း မဟာ
ဘုရင် ဗိမ္မိသာရ
သူ့သားအလှ ရတနာ ..
အဖကိုသာ ....
သတ်မယ့်သားလို့...
ပုဏ္ဏားတော်များ
ဟောကြားခဲ့တာ
ဖခင် ဘုရင်ကြီးမှာ
မကြားလိုပါ မကြားလိုပါ....
သတ်လိုလျှင်
သတ်ပါစေတော့....
မလျော့သော မေတ္တာတွေပါ...
သီတာ ရေစင် ပမာ
တသွင်သွင်.စီးကျလေတာ ...။
သတ်ရန် ဝေလာဝေး
သားတော်လေးရဲ့လက်မှာ....
ခူနာ ပေါက်တဲ့အခါ
အနာပြည် ကိုက်ကာ
ရှိုက်ကာ ငိုကြွေး ပါလို့
မအိပ်နိုင် မစားနိုင်
တမှိုင်မှိုင် ငေးနေရရှာ....
ဘုရင် ဗိမ္မိ သာရ
ချစ်လှတဲ့ ဘုရင်ကြီးခမျာ...
ရင်နှစ် သည်းချာ
သားတော်ရဲ့ ဝေဒနာကိုသာ....
သက်သာစေဖို့
အာခံတွင်းထဲမှာ
သွင်းကာ ငုံထား....
အနာပြည် မှည့်...
လေသော.အခါ....
အာခံတွင်းထဲမှာ....
အာခံတွင်းထဲမှာ...
ပေါက်ပြန်လေ တော့တာ ...
ဖခင်မှာ မျိုကာ ချရှာ
သားလှလေး ချစ်ရေးပိုစွာ...
ကြီးမားတဲ့ ထိုမေတ္တာ
ကြီးမားလှတဲ့ ထိုမေတ္တာ...
သီတာ ရေစင် ပမာ
တသွင်သွင်.စီးကျလေတာ ...။
ကျေးဇူးပါ