ရွာကြီးသူစံပါယ်နွဲ့
လာခဲ့ပါတကယ်ရွာကိုကွယ်
ပေါ်လာနိုးမျှော်ကိုးပေ မဲ့ကွယ်
တစ်မိုးကွယ်ပျောက် တစ်ဆောင်းရောက်ကာမြူး
ခါနွေ ကူးပြန်တော့
လေရူးငယ်ဆော်
ရွှေကံကော်ကြိုင်လျှမ်း
မြေတသန့်ပေါ်ခိုင်ပန်း
ဂနိူင်နန်းတင့်လေပြီခင်ရေ
သဇင်ခွေသုတ်လေနှော
ဥရွှေဩက တွန်သံသာတယ်
ပုရစ်ဖူးရွှင်မြူးတဲ့အခါဝယ်
လာလမ်းကမှန်းဆကြိုပါ့မယ်
ဆောင်းမိုးနွေပြောင်းလွင့်
အကြောင်းမသင့်လို့ထင်တယ်လေကွယ်
ရွာကြီးသူရယ် နွေရက်ကုန်းကျွမ်း
ယွန်းစတဲ့အခါဝဿန်
ရပ်ရှစ်ထံ ရစ်ခြံယှက်သိုင်း
အုံ့ကာသာမှိုင်းခြယ်
လာမယ်ဆိုရင် စိမ်းစိုစိုတမာတန်း
ရွာလမ်းဖွေးဖွေးကကြိုမယ်
ကျောင်းဝန်းကျင်ခရေပင်ရိပ်ဝယ်
မောင်ကြီးချွေးသိပ်ပေးပါ့မယ်
ဆောင်းမိုးနွေပြောင်းလွင့်
အကြောင်းမသင့်လို့ထင်တယ်လေကွယ်
ရွာကြီးသူရယ် နွေရက်ကုန်းကျွမ်း
ယွန်းစတဲ့အခါဝဿန်
ရပ်ရှစ်ထံ ရစ်ခြံယှက်သိုင်း
အုံ့ကာသာမှိုင်းခြယ်
လာမယ်ဆိုရင် စိမ်းစိုစိုတမာတန်း
ရွာလမ်းဖွေးဖွေးကကြိုမယ်
ကျောင်းဝန်းကျင်ခရေပင်ရိပ်ဝယ်
မောင်ကြီးချွေးသိပ်ပေးပါ့မယ်
မိုးရူး … လေထန်
ဒေါသမာန်ဖုံး ထစ်ခါချုန်းရင်
မောင်ကြီးရင်ခွင်ထဲ ပုန်းတက်သူရယ်
မိုးရူး … လေထန်
ဒေါသမာန်ဖုံး ထစ်ခါချုန်းရင်
မောင်ကြီးရင်ခွင်ထဲ ပုန်းတက်သူရယ်
ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်
စံပါယ်စံပါယ် စံပါယ်နွဲ့ရယ်
အဲ့ဒီတုန်းကမောင်ကြီးချော့ခဲ့တယ်
လည်တိုင်မော့မော့နဲ့ရယ်
မောင်ကြီးမျက်နှာကြည့်ရတာအမောကွယ်
မိုးရူး … လေထန်
ဒေါသမာန်ဖုံး ထစ်ခါချုန်းရင်
မောင်ကြီးရင်ခွင်ထဲ ပုန်းတက်သူရယ်
မိုးရူး … လေထန်
ဒေါသမာန်ဖုံး ထစ်ခါချုန်းရင်
မောင်ကြီးရင်ခွင်ထဲ ပုန်းတက်သူရယ်
ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်
စံပါယ်စံပါယ် စံပါယ်နွဲ့ရယ်
အဲ့ဒီတုန်းကမောင်ကြီးချော့ခဲ့တယ်
လည်တိုင်မော့မော့နဲ့ရယ်
မောင်ကြီးမျက်နှာကြည့်ရတာအမောကွယ်
ချောင်းရိုးက လေဆန်ရင်ကွယ်
ကောက်နှံ့တွေသင်းထုံမွှေးလို့ရယ်
လယ်ယာမြေဟိုဘက်ရိုးက ချိုးကူသံတွေရယ်
ခေတ်အသွင်အခြေပြောင်း နှောင်းခေတ်နဲ့မတူတယ
ခယောင်းယာမြေစာကျွေး သုံးရာသီထယ်မလပ်
သီးထပ်စိုက်ကာသာကြွယ် ရွာကြီးသူရယ်
တို့ရွာသာယာမြင်လာစေချင်တယ်
All Thanks