Smile
တေးရေး ဇဝါ
တေးဆို တန်ခွန်ကျော်
Uploadedby ƬӇเ༄ɦα
ကိုယ် ဆွဲနေကျ ပန်းချီကားလေးတွေက
မမှီဘူး
ကိုယ် ရေးနေကျ စာသားလေးတွေလည်း
မမှီဘူး
ဒီထက် ပိုပြီး ခံစားချက်များကို ညှို့နိုင်လွန်းသူ....
မနက်ခင်း ပွင့်သော နွေပန်းပွင့်တွေလည်း
မမှီဘူး
ညခင်းသာသော နွေည လရောင်လည်း
မမှီဘူး
ဒီထက် ပိုပြီး ခံစားချက်များကို ညှို့...နိုင်လွန်းသူ..
ပြုံးလိုက်ပါ အချစ်ရယ်....
မင်း ပြုံးရင် ပန်း..တွေလည်း ကြွေ
ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားဟာ လှိုက်ခုန်နေတော့တယ်....
အချစ်စိတ်ဟာ ဆန်း..ကြယ်သတဲ့
တိတ်တဆိတ် ရင်မော..နေရင်းနဲ့
မျှော်ရခြင်းထဲ ပျော်နေခဲ့တဲ့ ကိုယ်..ပါပဲကွယ်
လူတိုင်း မြင်တဲ့ အမြင်လေး မငြင်းချင်ဘူး
အချစ်ရူး
တစ်နေ့လုံး ကိုယ့်ကို ခြုံလွှမ်း ထားလေတဲ့
စိတ်ကူး
ဒီထက် ပိုပြီး အိပ်မက်တွေထိအောင်
စိုးပိုင် လွန်းသူ....
ပြုံး ပြုံးလိုက်ပါ အချစ်ရယ်
မင်း ပြုံးရင် ပန်း..တွေလည်း ကြွေ
ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားဟာ လှိုက်ခုန်နေတော့တယ်....
အချစ်စိတ်ဟာ ဆန်း..ကြယ်သတဲ့
တိတ်တဆိတ် ရင်မော..နေရင်းနဲ့
မျှော်ရခြင်းထဲ ပျော်နေခဲ့တဲ့ ကိုယ်..ပါပဲကွယ်
ပြုံးလိုက်ပါ အချစ်.....ရယ်....
MUSIC
ကိုယ် ဆွဲနေကျ ပန်းချီကားလေးတွေက
မမှီဘူး (မမှီဘူး)
ကိုယ် ရေးနေကျ စာသားလေးတွေလည်း
မမှီဘူး (မမှီဘူး)
ဒီထက် ပိုပြီး ခံစားချက်များကို ညှို့.နိုင်လွန်းသူ..
ပြုံး..လိုက်..ပါ.. အချစ်ရယ် (ပြုံးလိုက်ပါ ပြုံးလိုက်ပါ)
မင်း ပြုံးရင် ပန်း..တွေလည်း ကြွေ
ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားဟာ လှိုက်ခုန်နေတော့တယ်
အချစ်စိတ်ဟာ ဆန်း..ကြယ်သတဲ့
တိတ်တဆိတ် ရင်မော..နေရင်းနဲ့
မျှော်ရခြင်းထဲ ပျော်နေခဲ့တဲ့ ကိုယ်..ပါပဲကွယ်
ပြုံးလိုက်ပါ အချစ်ရယ်.....
မင်း ပြုံးရင် ပန်း..တွေလည်း ကြွေ
ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားဟာ လှိုက်ခုန်နေတော့တယ်.....
အချစ်စိတ်ဟာ ဆန်း..ကြယ်သတဲ့
တိတ်တဆိတ် ရင်မော..နေရင်းနဲ့
မျှော်ရခြင်းထဲ ပျော်နေခဲ့တဲ့ ကိုယ်..ပါပဲကွယ်
ပြုံးလိုက်ပါ အချစ်...ရယ်
ပြုံးလိုက်တော့.. အချစ်လေးရယ်
ဟူး....
Uploadedby ƬӇเ༄ɦα
End