မိသားစုကန်တော့ပွဲ
တေးဆို/မင်းလွင်မိုး/စိမ့်နေခြည်
(G) လူလားမြောက်တဲ့အရွယ်
ကထဲကလေ လောကဒါဏ်ကို
ရင်ဆိုင်တွေ့ကြုံခဲ့ပါပြီ နိမ့်ခြည်တခါ
သာခြည်တလှည့်ရယ်နဲ့
သမုဒယနယ်မှာကျင်လည်ကျက်စား
မအားလပ်နိုင်ရှာပေလောကဓမ္မတာ
သောကအဖြာဖြာကြုံခဲ့ရပေ ချစ်သော
ဖေဖေချစ်သောမေမေမတွေ့တာကြာလေ
လေပို၍သတိရလေတယ်လေ ရင်၌
လွယ်ဖွားသားသမီးများကအတိုးချ
ကန်တော့ပါရစေ...
( B) မြင့်မိုရ်တောင်ဦးကျေးဇူးဂုဏ်တွေ
ဆပ်လို့မကုန်ပေသီတာရေတပေါက်လေး
ကျရုံမျှနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းပေ
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ဝါးဖတ်တော်ကဆီနှစ်နဲ့လူဖြစ်အောင်ကျွေး
မှဲ့ခြင်ယင်မသမ်းရအောင်
ပင်ပန်းကြီးစွာမွေးမြူခဲ့ပေဒီကျေးဇူး
ဂုဏ်တွေ ရည်မျှော်မှန်းလို့
သားကန်တော့ပါတယ်လေ
ကျေးဇူးရှင်ဖေဖေနဲ့မေမေ.....
ငယ်စဥ်တောင်ကျေးခလေးဘဝက
တေးဆိုလို့ချော့မြူပုံတွေမှတ်မိနေသေးပေ
ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့
ဆိုတဲ့အသံတွေ..
( G ) မိတ္ထီလာကန်တော်အောက်က
ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့
အသံလေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....
( B ) ငယ်စဥ်တောင်ကျေးခလေးဘဝက
တေးဆိုလို့ချော့မြူပုံတွေ မှတ်မိနေသေးပေ
ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့
ဆိုတဲ့အသံတွေ....
( G ) မိတ္ထီလာကန်တော်အောက်က
ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့အသံ
လေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....
(B) သကလရေကြည် သြော်စတေတည်
ကထဲကပူငန်စပ်ခါးရှောင်ရှားကာလေ
မကောင်းမေတ္တာ သြော်ကောင်းရာညွှန်လို့
ရင်းနှီးပေးဝေ အတတ်ကိုလည်းသင်စေ
ထိမ်းမျှားခြင်းဝတ်ငါးထွေကျေပွန်ပါပေ
ကြီးမားသော မေတ္တာမျိုးနဲ့ သားသမီး
ဆိုးတွေကိုလည်းပြစ်ရိုးထုံးစံမရှိခဲ့ပေ
တို့ဘုရားတော်မှနို့တလုံးဘိုးကြေ
အနန္တဂိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးကို
သားကန်တော့ပါတယ်လေ...
(B. G) တအူတုံဆင်းတို့မောင်နှမ
ရင်းတွေ ချစ်ချင်းမေတ္တာအဓိက
ထားလို့လေ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့
သြောဝါဒစကားတွေ...
မကြားရတာကြာခဲ့ပြီလေချစ်သော
ဖေဖေချစ်သောမေမေသားတို့သမီးတို့
လက်ဆယ်ဖြာ ယှက်ကာမိုးလို့
ရှစ်ခိုးကန်တော့ပါရစေ ....
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...
ကျေးဇူးတင်ပါတယ်...