မျက်နှာဝိုင်း 
တွံတေးသိန်းတန် 
Introး 
     မျက်နှာဝိုင်းလေးကို ချစ်ရတဲ့သူ 
ကိုယ် ရင်ဆူတယ် 
ယှက်သိုင်းထားတဲ့ အလှကလေးကရယ် 
လှပါပေတယ်  
အေးမြချင်တော့လလိုပဲ 
ပူချင်တော့လည်း နေလိုပါပဲကွယ် 
  မျက်နှာဝိုင်းလေးကို ချစ်ရတဲ့သူ 
ကိုယ် ရင်ဆူတယ် 
ယှက်သိုင်းထားတဲ့ အလှကလေးကရယ် 
လှပါပေတယ်  
အေးမြချင်တော့လလိုပဲ 
ပူချင်တော့လည်း နေလိုပါပဲကွယ် 
  ချစ်တဲ့အခါကွယ် သူ့အမူလေး 
နှင်းဆမ်းသလိုကွယ် အသည်းမှာအေး 
မုန်းတော့ရင်ကွယ် 
သူမတူအောင်မျက်နှာထားနဲ့ 
အလှလေးများ ပြေးပျောက်ပျက်ပြယ် 
နက်ရှိုင်းလှတဲ့ အလှပိုင်ရှင်ရယ် 
လူတကာတွေ့ရင် မျက်နှာမပြနဲ့ 
အလှလေးရိုးသွားလိမ့်မယ် 
တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော 
ချစ်တဲ့ဇောက မနာလိုဝန်တိုတယ် 
ပန်းချီရှုံးတဲ့ အပြုံးမျိုးလေးသူ့မှာရှိတယ် 
သကာနှောတဲ့ အပြောမျိုးလေး 
သူ့နှုတ်ဖျားကြွယ် 
လှုပ်လီလှုပ်လဲ့ သွားဟန်နေဟန် 
မြင်မြင်သူငေးလောက်တယ် 
မျက်နှာဝိုင်းကလေးရယ် 
မျက်နှာဝိုင်းလေးကို ချစ်ရတဲ့သူ 
ကိုယ် ရင်ဆူတယ် 
ယှက်သိုင်းထားတဲ့ အလှကလေးကရယ် 
လှပါပေတယ်  
အေးမြချင်တော့လလိုပဲ 
ပူချင်တော့လည်း နေလိုပါပဲကွယ် 
 Music  
မျက်နှာဝိုင်းလေးကို ချစ်ရတဲ့သူ 
ကိုယ် ရင်ဆူတယ် 
ယှက်သိုင်းထားတဲ့ အလှကလေးကရယ် 
လှပါပေတယ်  
အေးမြချင်တော့လလိုပဲ 
ပူချင်တော့လည်း နေလိုပါပဲကွယ် 
  ချစ်တဲ့အခါကွယ် သူ့အမူလေး 
နှင်းဆမ်းသလိုကွယ် အသည်းမှာအေး 
မုန်းတော့ရင်ကွယ် 
သူမတူအောင် မျက်နှာထားနဲ့ 
အလှလေးများ ပြေးပျောက်ပျက်ပြယ် 
နက်ရှိုင်းလှတဲ့ အလှပိုင်ရှင်ရယ် 
လူတကာတွေ့ရင် မျက်နှာမပြနဲ့ 
အလှလေးရိုးသွားလိမ့်မယ် 
တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော 
ချစ်တဲ့ဇောက မနာလိုဝန်တိုတယ် 
ပန်းချီရှုံးတဲ့ အပြုံးမျိုးလေးသူ့မှာရှိတယ် 
သကာနှောတဲ့ အပြောမျိုးလေး 
သူ့နှုတ်ဖျားကြွယ် 
လှုပ်လီလှုပ်လဲ့ သွားဟန်နေဟန် 
မြင်မြင်သူငေးလောက်တယ် 
မျက်နှာဝိုင်းကလေးရယ် 
မျက်နှာဝိုင်းလေးကို ချစ်ရတဲ့သူ 
ကိုယ် ရင်ဆူတယ် 
ယှက်သိုင်းထားတဲ့ အလှကလေးကရယ် 
လှပါတယ်  
အေးမြချင်တော့လလိုပဲ 
ပူချင်တော့လည်း နေလိုပါပဲကွယ် 
    By AyeKyaw greentiger