"မင်္ဂလာမောင်မယ်"(Duet)
တေးရေး> မြို့မငြိမ်း
တေးဆို>တွံတေးသိန်းတန် ၊ မေဆွိ
(မူလသီဆိုသူ-မေရှင်)
Boy > B , Girl > G
Ready…!
3️⃣
2️⃣
1️⃣
Go
B>သံသာ..ကမ်းတိုင်
တူပြိုင်ကူး မယ်လေ
ဆုထူးကို မောင်မယ်စုံခြွေ
ဟိုရှေးရေစက်ခိုင်မြဲ လွဲမသွေ
ဖူးစာဖက် ချစ်သက်ဝေ
ချစ်တဲ့သက်ဝေ
G>သံသာ..ကမ်းတိုင်
တူပြိုင်ကူး မယ်လေ
ဆုထူးကို မောင်မယ်စုံခြွေ
ဟိုးရှေးရေစက်ခိုင်မြဲ လွဲမသွေ
ဖူးစာဖက် ချစ်သက်ဝေ
ချစ်တဲ့သက်ဝေ
B>မောင့်အသည်းဆိုင်
မေပဲလေ
G>မေ့အသည်းဆိုင်
မောင်ပါပဲလေ
B+G>စွဲမြဲတည်နေ
ကမ္ဘာတိုင်အောင်လေ
သူနိုင်ငါနိုင် သစ္စာမဏ္ဍိုင်
ချစ်ခြင်းပြိုင်မှာတွေ
>>>>
B>မိဘဝတ္တရား
ချီးမြှင့်အပ်သောအရွယ်ပေ
လျှောက်ပတ်တင့်တယ်ရွေးချယ်
မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်မြတ်ပေ
စုလျားရစ်ခွေ
ဇောတိရသ ပတ္တမြားနိတုံရွှေ
G>မိဘဝတ္တရား
ချီးမြှင့်အပ်သောအရွယ်ပေ
လျှောက်ပတ်တင့်တယ်ရွေးချယ်
မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်မြတ်ပေ
စုလျားရစ်ခွေ
ဇောတိရသ ပတ္တမြားနိတုံရွှေ
B>မင်္ဂလာရှိကြောင်း ကျက်သရေ
အောင်ကြောင်း..ဆုခြွေ
လိုရာအဖြာဖြာအောင်ပါစေ
B+G> မောင် မယ် တွေ
မြို့မတေးငြိမ့်မြူးနွဲ့
ဝမ်းမြောက်တဲ့အောင်သံပေ
>>>
အေးမြမြ
သာပေါ့ သာပေါ့ အဆွေ
>>>>>>>>Solo<<<<<<<<<
(မူရင်းတေးရေး+တေးဆို+
တီးခတ်သူ+စီစဉ်သူ+
ထုတ်ဝေသူအားလုံးကို
လေးစားကျေးဇူးတင်လျက်)
-ကိုကိုဆိုးပေ-
Ready…!
3️⃣
2️⃣
1️⃣
Go
B>မောင် ရှေ့ကိုတည့်တည့်
လျှောက်မယ်လေ
G>မယ်လည်း တည့်တည့်
လိုက်ကာ
လျှောက်မယ်မောင်ရေ
B>ဟောဟိုအရာ
အဖြူပါလေမြင်သလားမေ
G>ဘော်သာခွာကျူ
ပုလဲဖြူ မြင်သားပေါ့သက်ဝေ
B>မောင် ရှေ့ကိုတည့်တည့်
လျှောက်မယ်လေ
G>မယ်လည်း တည့်တည့်
လိုက်ကာ
လျှောက်မယ်မောင်ရေ
B>ဟောဟိုအရာ
အဖြူပါလေမြင်သလားမေ
G>ဘော်သာခွာကျူ
ပုလဲဖြူ မြင်သားပေါ့သက်ဝေ
B>ဘုရားသွားကျောင်းတက်
စိတ်တူကိုယ်တူ
ကြည်ဖြူမောင်မယ်ဆွေ
မယ်ကားလယ်မြေ
G>မောင်ကားမိုးကောင်းကင်
လောကီအမတေ(အမြုတေ)
သီးပွင့်ဖြိုးဝေ
ရာသက်တိုင်လုံးရွှင်ပျော်စေ
B>မိဘဝတ္တရား
ချီးမြှင့်အပ်သောအရွယ်ပေ
လျှောက်ပတ်တင့်တယ်ရွေးချယ်
မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်မြတ်ပေ
စုလျားရစ်ခွေ
ဇောတိရသ ပတ္တမြားနိတုံရွှေ
G>မိဘဝတ္တရား
ချီးမြှင့်အပ်သောအရွယ်ပေ
လျှောက်ပတ်တင့်တယ်ရွေးချယ်
မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်မြတ်ပေ
စုလျားရစ်ခွေ
ဇောတိရသ ပတ္တမြားနိတုံရွှေ
B>မင်္ဂလာရှိကြောင်း ကျက်သရေ
အောင်ကြောင်း..ဆုခြွေ
လိုရာအဖြာဖြာအောင်ပါစေ
B+G> မောင် မယ် တွေ
မြို့မတေးငြိမ့်မြူးနွဲ့
ဝမ်းမြောက်တဲ့အောင်သံပေ
>>>
အေးမြမြ
သာပေါ့ သာပေါ့ အဆွေ
>>>>>FINE<<<<<<<<<
"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"
-ကိုကိုဆိုးပေ-
(သီချင်းတင်ပေးသူစီနီယာ
များကိုလေးစားလျက်)