လေလွင့်ခြင်းလမ်းမများ
ဆို - ထူးအိမ်သင်
အဝေးကလမ်းဟောင်းလေးကို
ငါဟာနှုတ်ဆက်
အမေ့ရဲ့မျက်ရည်စက်တွေ
ငါဟာနှုတ်ဆက်
အပြာရောင်
ကျောပိုးအိတ်တစ်ခုထဲ
ဒဏ်ရာအဟောင်းလေးကိုထည့်
သွားရတော့မယ်
အဆုံးမဲ့မိုးသားထဲကို
ငါပျံသန်းခဲ့
ငါ့ရဲ့နှလုံးသားထဲမှာ
လေလွင့်ခြင်းငှက်
ဘယ်ကိုသွားရဦးမလဲ
ဘယ်မှာအဆုံးသတ်မှာလဲ
ရက်စက်တဲ့လမ်းများ
အဝေးမှာ ခေါ်သံတွေကြား
ပြေးထွက်ခဲ့ ငြင်းမရပါလား..
ရှေ့က!
ရက်စက်တဲ့လမ်းများ
အဝေးမှာ ခေါ်သံများကြား
လုံးဝငြင်းမရပါလား
လေလွင့်ခြင်းလမ်းမများ
မင်းရဲ့အနမ်းလေးများကို
ငါဟာနှုတ်ဆက်
မင်းရဲ့မျက်ရည်စက်တွေ
ငါဟာနှုတ်ဆက်
ဒဏ်ရာများရဲ့အဝေးမှာ
အဖြူရောင်မင်းရဲ့ဘဝလေး
နေခဲ့တော့
အိုး..ရဲ့
ဝူး!
အဝေးကလမ်းဟောင်းလေးကို
ငါဟာနှုတ်ဆက်
အမေ့ရဲ့ မျက်ရည်စက်တွေ
ငါဟာနှုတ်ဆက်
အပြာရောင်
ကျောပိုးအိတ်တစ်ခုထဲ
ဒဏ်ရာအဟောင်းလေးကိုထည့်
သွားရတော့မယ်
အဆုံးမဲ့မိုးသားထဲကို
ငါပျံသန်းခဲ့
ငါ့ရဲ့နှလုံးသားထဲမှာ
လေလွင့်ခြင်းငှက်
ဘယ်ကိုသွားရဦးမလဲ
ဘယ်မှာအဆုံးသတ်မှာလဲ
ဟို့..ရဲ့!
ရက်စက်တဲ့လမ်းများ အဝေးမှာ
ခေါ်သံတွေကြား
ပြေးထွက်ခဲ့ ငြင်းမရပါလား...
ရှေ့က!
ရက်စက်တဲ့လမ်းများ
အဝေးမှာ ခေါ်သံများကြား
လုံးဝငြင်းမရပါလား
လေလွင့်ခြင်းလမ်းမများ
ငါ့အတွက်ချွေးသိပ်ဖို့
အိမ်ရယ် ရှိဦးမလား
ငါ့အတွက်
မေတ္တာတရားတွေ ရှိဦးမလား
ဒါဟာ
အဆုံးသတ်ခြင်းတစ်ခုလား
ဒါဟာ
အစပြုခြင်းတစ်ခုလား
လေလွင့်ခြင်းလမ်းမများ
လေလွင့်ခြင်းရဲ့လမ်းမများ
လေလွင့်ခြင်းလမ်းမများ
လေလွင့်ခြင်းရဲ့လမ်းမများ
လေလွင့်ခြင်းလမ်းမများ
လေလွင့်ခြင်းရဲ့လမ်းမများ
လေလွင့်ခြင်းလမ်းမများ
လေလွင့်ခြင်းရဲ့လမ်းမများ
လေလွင့်ခြင်းလမ်းမများ