မေဂျူနို
D Lay
~~~~~~~~~
အကြင်နာ မေဂျူနို …
အလှဆုံးပန်းလေးပေါ့…
မြေမှာပွင့်လန်းခဲ့တယ်…
အကြင်နာ မေဂျူနို …
ချိုသော အပြုံးများနဲ့…
ဂန္တဝင် ပုံစံ အလှဆင်…
မေဂျူနို …
တိမ်မိုးသားထက်က…
ကြယ်စင် တွေထက်ထူး…
ရှိုက်နမ်းခွင့်လှမ်းသူတွေထဲ…
ကိုယ်မျှော်ငေးရုံနဲ့ ရူး……
အကြင်နာ မေဂျူနို …
မျက်ဝန်းလေးများက…
အဖြူရောင် အကြင်နာ အလှဆင် …
ချစ်တဲ့…မေဂျူနို …
အိမ်မက်လေးများနဲ့…
ရင်မှာခိုဝင် အရိပ်ထင်…
မေဂျူနို …
ကကြိုးများခင်းတဲ့…
ဒီဝင်္ကပါ လမ်းများထက်…
ဖြူစင်နင့်နှလုံးသား အဆိပ်ဒဏ်သင့်မလား…
ကိုယ့်ရင်မှာကျိတ် ဆုတောင်း…
အိုး… ချစ်တဲ့ မေဂျူနို …
ချစ်သူ မေဂျူနိ…
ဖြူစင်သော…မြတ်နိုးခြင်း …
မဝေးဘူးရှိနေမယ်…
တစ်ချိန်မှာတော့…နောက်ဆုံးမင်း…
ဘယ်ရင်ခွင် ခိုနားမလဲ…
ဟူး…ချစ်တဲ့ မေဂျူနို …
မျော်လင့်ချက် အလွမ်းနဲ့…
ကိုယ်ဟာပျော်ဝင် အသက်ရှင် …
ချစ်တဲ့ …မေဂျူနို …
နင့်နှလုံးသားလေးထဲ…
ဒဏ်ရာတွေ ထင်ကျန်ခဲ့ရင်…
မေဂျူနို (မေဂျူနို)ငါ့အနမ်းလေးများနဲ့ …
ပြန်လည်နှစ်သိမ့်လို့ပေး…
နက်ရှိုင်းသော အချစ်ရေယာဉ်ထဲ …
တိတ်တဆိတ် … မျှော်ဆဲ…
……………………
ချစ်တဲ့ မေဂျူနို … ……………………
It's Hurt.