menu-iconlogo
huatong
huatong
avatar

သားမရတော့ဘူး

ဒေးဗစ်လိုင်huatong
♪ᎮዞO̾Σ➰Π𝐆Σ♪🍁🅔︎ˡⁱᵗᵉ🍁huatong
লিরিক্স
রেকর্ডিং
သား...မရတော့ဘူး

David Lai

အိုအဖဘုရား ကျွန်ုပ်တို့နှလုံးသား

ပူဆွေးသောအရပ်မှဘယ်တော့များ

စိမ်းလန်းသောအရပ်မြင်တွေ့ ခွင့်ရမှာ

အား... အား. . .

ဘယ်ချိန်ပြန်လာမလဲမျှော်နေသူအမေ

သားရဲ့ စကားသံကြားခွင့်မရသောအမေ

ငိုပါစေဤမြေပေါ်ဝယ်

ဇာနည်မျိုးအတွက်ကျသောမျက်ရည်

သား. . . သားမရတော့ဘူး

ငါ့နားထဲမှာပဲ့တင်သံများနဲ့

သား. . . သားမရတော့ဘူး

ငါ့နားထဲမှာပဲ့တင်သံများနဲ့....

အိုအဖဘုရားနားညောင်းတော်မူပါ

ကျွန်ုပ်တို့ နှလုံးသားငိုကြွေးသောအရာ

နွေဦးရာဤမြေပေါ်မှာ

ရွက်နုကလေးများကြွရေဦးမလား

သား. . . သားမရတော့ဘူး

ငါ့နားထဲမှာပဲ့တင်သံများနဲ့

သား. . . သားမရတော့ဘူး

ငါ့နားထဲမှာပဲ့တင်သံများနဲ့....

သားမရတော့ဘူး

သား. . . သား. . .

သားမရတော့ဘူး

သားမရတော့ဘူး...

ကျဆုံးသွားသော(ဝေယံထွန်း)အတွက်

2021နွေဦးတော်လှန်ရေးဒီမိုကရေစီတိုက်ပွဲမှာအသက်ပေးသွားကြသောအာဇာနည်သူရဲကောင်းများအားလုံးကိုအစဉ်လေးစားဦးညွတ်လျက်

ဒေးဗစ်လိုင် থেকে আরও

সব দেখুনlogo