နှလုံးသားဟာ အပြုံးမဲ့ ဒါဟာသူ့ကြောင့်လေ
ငါလေအိပ်မရ ဟေးလှည့်ပြန်လာ
အတွေးတို့ဟာ ထွေးရှုပ်နေ ဒါဟာသူ့ကြောင့်လေ
ရှင်နေပေမယ့်လည်း ငါလမ်းတွေပျောက်
ပြန်လည်စုံစည်းဖို့ လှိုင်းကြမ်းများကူးခတ်
တောင်တွေကျော်ဖြတ်လို့ မှားခဲ့သမျှပြင်ဆင်
အမြဲတမ်းကိုယ် ဘာမဆိုဖြည့်စည်းရင်း
ဘဝတစ်ခုကို ရေးချယ်
ငါ့လက်တွေ တုန်ခါနေ ဒါဟာသူ့ကြောင့်လေ
ဖြူစင်တဲ့ နှလုံးသား ဟေးလှည့်ပြန်လာ
ဟိုးအတိတ်ကိုပေးသွားမယ်ဆို
အမှောင်ကိုဖြိုခွင်း လင်းလက်စေမယ်
လုံခြုံစေမယ် သူရဲ့ဘေးနား ထာဝစဉ်ပဲပေါ့
ပြန်လည်စုံစည်းဖို့ လှိုင်းကြမ်းများကူးခတ်
တောင်တွေကျော်ဖြတ်လို့ မှားခဲ့သမျှပြင်ဆင်
အမြဲတမ်းကိုယ် ဘာမဆိုဖြည့်စည်းရင်း
ဘဝအတွက်အတူ ရှိမယ့် .....
ဘဝအတွက်အတူ ရှိမယ့် .....
အရေးအကြီးဆုံးသူ တစ်ယောက်သာ
ပြန်လည်စုံစည်းဖို့ လှိုင်းကြမ်းများကူးခတ်
တောင်တွေကျော်ဖြတ်လို့ မှားခဲ့သမျှပြင်ဆင်
အမြဲတမ်းကိုယ် ဘာမဆိုဖြည့်စည်းရင်း
ဘဝတစ်ခုကို ရေးချယ်