menu-iconlogo
huatong
huatong
avatar

နှလုံးသားမှာအားလုံးရှိတယ်

နန္ဒဧရာhuatong
লিরিক্স
রেকর্ডিং
"နှလုံးသားမှာအားလုံးရှိတယ်"

တေးရေး ?

တေးဆို?နန္ဒဧရာ

(ရွေးချယ်သီဆိုတဲ့အတွက်

ကျေးဇူးတင်ပါတယ်။)

Ready…!

3️⃣

2️⃣

1️⃣

Go?

ကိုယ်တစ်ယောက်ထဲ ရှိတဲ့

အဆင်းရဲဆုံး

နှလုံးသား နိုင်ငံငယ်

ခေါင်မိုးပေါက်က တိုးကျတဲ့

လနဲ့ ကြယ်ရောင်ရယ်

ယိုင်လဲတော့မယ့်

တဲကလေးရဲ့

ချိနဲ့ နေပုံရယ်

အဆင်မပြေနိုင်တဲ့

ကိုယ့်ဘဝအတိုင်းပဲကွယ်

ပင်တိုင်စံ ပန်းကလေးတစ်ပွင့်

ကိုယ့်အတွက်ကြောင့်

မညှိုးနွမ်း စေချင်တယ်

ကဗျာလေး တစ်ပုဒ်ထက်

နူးညံ့တဲ့

မိန်းကလေး ငယ်ကိုကွယ်

ဘဝခရီးကြမ်းထဲ

အချစ်တစ်ခုနဲ့

မလှမ်းခဲ့ စေချင်တယ်

မလာချင်ပါနဲ့ဦးလား

မိန်းကလေးရယ်

ရွှေနန်းတော် ရွှေကော်ဇောခင်း

ခန်းဆောင်လယ်

စံမြန်းကာ ခြွေရံအသင်းအပင်း

များစွာအလယ်

အမြင့်ဆုံးမှာ ဘုရင်မလေး

တစ်ပါး ဖြစ်စေကွယ်

အချစ်လေးရယ် ဒီလိုမင်းကို

ကိုယ်ထားချင်တယ်

နှလုံသားမှာ အားလုံးရှိတယ်...

ကြယ်တွေကို မင်းအခန်းထဲ

မီးထွန်းဖို့

ဆွဲပေး ချင်ပါတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

ပန်းကလေးတစ်ပွင့်

ခင်းပေး နေချင်တယ်

ကိုယ်နှလုံးသွေးနဲ့

မင်းနှုတ်ခမ်းလေး

ဆေးဆိုး စေချင်တယ်

ပျော်စရာတွေပဲ မင်း..အတွက်

ဖြစ်ရမယ်

? SOLO ?

မူရင်းတေးရေး+တေးဆို+

တီးခတ်သူ+စီစဉ်သူ+

ထုတ်ဝေသူ အားလုံးကို

လေးစားကျေးဇူးတင်လျက်"

Ready…!

3️⃣

2️⃣

1️⃣

Go?

လေထန်မုန်တိုင်းစဲဖို့

ကိုယ့်ရဲ့ဘဝ

ငြိမ်းချမ်း လာချိန်မယ်

ကိုယ်တို့နှစ်ယောက်အတွက်

လပြည့်ည

ရောက်ရှိ လာချိန်မယ်

အချစ်ဆုံးလေးအတွက်

ပန်းခင်းလမ်း

ခင်းပေး ချိန်မှာကွယ်

လာခေါ်မှာပေါ့ ကိုယ်ရဲ့

မိန်းခလေးရယ်

ရွှေနန်းတော် ရွှေကော်ဇောခင်း

ခန်းဆောင်လယ်

စံမြန်းကာ ခြွေရံအသင်းအပင်း

များစွာအလယ်

အမြင့်ဆုံးမှာ ဘုရင်မလေး

တစ်ပါး ဖြစ်စေကွယ်

အချစ်လေးရယ် ဒီလိုမင်းကို

ကိုယ်ထားချင်တယ်

နှလုံသားမှာ အားလုံးရှိတယ်...

ကြယ်တွေကို မင်းအခန်းထဲ

မီးထွန်းဖို့

ဆွဲပေး ချင်ပါတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

ပန်းကလေးတစ်ပွင့်

ခင်းပေး နေချင်တယ်

ကိုယ်နှလုံးသွေးနဲ့

မင်းနှုတ်ခမ်းလေး

ဆေးဆိုး စေချင်တယ်

ပျော်စရာတွေပဲ မင်း..အတွက်

ဖြစ်ရမယ်

?FINE?

ရွေးချယ်သီဆိုတဲ့အတွက်

ကျေးဇူးတင်ပါတယ်။

"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"

နန္ဒဧရာ থেকে আরও

সব দেখুনlogo