~အိမ်မက်ကဗျာည~
~~နန်းထိုက်ရွှေစင်~~
~~~~~SNOW~~~~~
ကြယ်ရောင်စုံညပန်းချီကားသို့
ဖြန့်စီဖြိုးဖျက်ညချမ်းလေးမှာ
ရွှေလရယ် တိမ်ယံကြား
ညှိုးငယ်နွမ်းလျှ သာခွင့်မရပါ....
တောင်ပြာလေ ဝေ့ကာညှင်းတော့
ကောက်ပင်တသင်းတို့
ဆော့ကစားခိုက်မှာ
ငွေဗျိုင်းဖြူ မောင်နှံတွဲ
သောင်ယံထက်က ပျံဝဲလာ...
အမှောင်ကမ္ဘာ မဟူရာညမှာ
ပိုးစုန်းကြူးလေး
အလင်းရောင် ကူပေးရှာ...
~~~~~SNOW~~~~~
အဖော်ရယ်မပါ အထီးကျန်ခဲ့သည့်
ထနောင်းပင်ထက်က ဥသြငှက်မှာ
ငယ်ချစ်ကို မျှော်ရှာမော
လွမ်းသံနှောလို့ ငိုကြွေးရှာ...
နေဝင်ချိန် ညအခါရောက်မှ
ပွင့်ရှာရသည့် ညမွှေးပန်းခမျာ
လေသင့်ရာ သူပျံ့မွှေး
ချင့်ကာတွေးတော့တကယ်သနားစရာ...
ရေဇလာ ဗေဒါကြားမှာ
ကြွားကြွားဝင့်ဝင့်
ချစ်စရာတစ်ပွင့်ပန်းဖျာ....
~~~~~SNOW~~~~~
ဆောင်းတစ်ညရဲ့ အိမ်မက်တစ်ခုလို
ရင်မှာလှိုက်ဖို ရှိုက်ငိုချိန်မှာ...
အတိတ်ဟောင်းက
ပန်းချီကားတစ်ချပ်ရယ်
ဝိုးတဝါး ထင်ဟပ်လာ..
ဝေဟင်မှာ လေဟုန်စီး
အချစ်နဲ့အတူ မျှောလွင့်ကာ
တိမ်တိုက်တွေထဲ ဟိုဒီပျံဝဲလို့သာ
ကြည်နူးစရာည
အိမ်မက်ကဗျာအလှ
အဆုံးမသတ်ချင်ပါ.....
~~~~~SNOW~~~~~
ကြယ်ရောင်စုံညပန်းချီကားသို့
ဖြန့်စီဖြိုးဖျက်ညချမ်းလေးမှာ
ရွှေလရယ် တိမ်ယံကြား
ညှိုးငယ်နွမ်းလျှ သာခွင့်မရပါ....
တောင်ပြာလေ ဝေ့ကာညှင်းတော့
ကောက်ပင်တသင်းတို့
ဆော့ကစားခိုက်မှာ
ငွေဗျိုင်းဖြူ မောင်နှံတွဲ
သောင်ယံထက်က ပျံဝဲလာ...
အမှောင်ကမ္ဘာ မဟူရာညမှာ
ပိုးစုန်းကြူးလေး
အလင်းရောင် ကူပေးရှာ...
~~~~~SNOW~~~~~
အဖော်ရယ်မပါ အထီးကျန်ခဲ့သည့်
ထနောင်းပင်ထက်က ဥသြငှက်မှာ
ငယ်ချစ်ကို မျှော်ရှာမော
လွမ်းသံနှောလို့ ငိုကြွေးရှာ...
နေဝင်ချိန် ညအခါရောက်မှ
ပွင့်ရှာရသည့် ညမွှေးပန်းခမျာ
လေသင့်ရာ သူပျံ့မွှေး
ချင့်ကာတွေးတော့တကယ်သနားစရာ...
ရေဇလာ ဗေဒါကြားမှာ
ကြွားကြွားဝင့်ဝင့်
ချစ်စရာတစ်ပွင့်ပန်းဖျာ....
~~~~~SNOW~~~~~
ဆောင်းတစ်ညရဲ့ အိမ်မက်တစ်ခုလို
ရင်မှာလှိုက်ဖို ရှိုက်ငိုချိန်မှာ...
အတိတ်ဟောင်းက
ပန်းချီကားတစ်ချပ်ရယ်
ဝိုးတဝါး ထင်ဟပ်လာ..
ဝေဟင်မှာ လေဟုန်စီး
အချစ်နဲ့အတူ မျှောလွင့်ကာ
တိမ်တိုက်တွေထဲ ဟိုဒီပျံဝဲလို့သာ
ကြည်နူးစရာည
အိမ်မက်ကဗျာအလှ
အဆုံးမသတ်ချင်ပါ.....
~~~~~SNOW~~~~~