အဝေးဆုံးအချစ်နဲ့လွမ်းနေမယ် 
တေးရေး မင်းဂျွန်စိုး 
တေးဆို နိုင်မင်းအောင် 
ဒီဘဝ ဒီမျှလမ်းခွဲကြမယ် 
တို့နောက်တစ်ခါ ပြန်မဆုံအောင် 
တို့ ကြိုးစားပေးပါ့မယ် 
အဝေးဆုံးဝေးတဲ့ ကမ္ဘာ 
တို့အခုသွားမှာပါ 
ဓနမဲ့သမားရဲ့ အတ္တအချစ်ကို 
မင်းလည်းတစ်နေ့တော့ 
နားလည်သွားမှာပါ 
ကံတရားကိုပဲ အပြစ်ဖို့ပါမယ် 
ပန်းကလေးတွေ ကြွေတာကြည့်ရင်း 
ရေးထားမိခဲ့ ကဗျာ 
တေးသွားတစ်ပုဒ်ဖြစ်ချိန် 
ချစ်သူကြားပါလျှင် 
အသည်းကွဲခဲ့သမျှ အတိုင်းမဲ့ဝမ်းသာ 
အဝေးဆုံးအချစ်နဲ့ 
မင်းကိုလွမ်းနေမယ် 
ကမ္ဘာတည်သရွေ့ 
တို့အဝေးကပဲ ချစ်နေမှာပါ 
အလွှာမတူဘဝနှစ်ခု ပေါင်းစပ်နိုင်ဖို့ 
မဖြစ်နိုင်ဘူးလို့ ယုံပါနော် 
ဒီမျှနဲ့သာ လမ်းခွဲခဲ့ပါတယ် 
ဒီဘဝ ဒီမျှလမ်းခွဲကြမယ် 
တို့နောက်တစ်ခါ ပြန်မဆုံအောင် 
တို့ ကြိုးစားပေးပါ့မယ် 
အဝေးဆုံးဝေးတဲ့ ကမ္ဘာ 
တို့အခုသွားမှာပါ 
ဓနမဲ့သမားရဲ့ အတ္တအချစ်ကို 
မင်းလည်းတစ်နေ့တော့ 
နားလည်သွားမှာပါ 
ရင်၌ဖြစ်သော အလွမ်းတေးများသာ 
တို့ဘဝမှာ ထာဝစဉ်ထာဝရ 
ကြွင်းရစ်ခဲ့ကြပြီ 
မင်းရဲ့အဝေးကလူ 
ချစ်နေလျက်ပါပဲ 
အမုန်းတရားမရှိတဲ့ နှလုံးသားနဲ့လူ 
အဝေးဆုံးအချစ်နဲ့မင်းကိုလွမ်းနေမယ် 
ကမ္ဘာတည်သရွေ့ 
တို့အဝေးကပဲ ချစ်နေမှာပါ 
အလွှာမတူဘဝနှစ်ခု ပေါင်းစပ်နိုင်ဖို့ 
မဖြစ်နိုင်ဘူးလို့ ယုံပါနော် 
ဒီမျှနဲ့သာ လမ်းခွဲခဲ့ပါတယ်