1 ရေပြာလှိုင်းကမ်းခြေဆီ
မြေနီလမ်းလေးကို
ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါ ခြုံလွှမ်းသည်
ပင်လယ်စင်ရော်တွေ
ပျံဝဲလျက်ရှိသည်
အနောက်ဖက်မိုးတိမ်တွေလည်း
မျောလွင့်ကြသည်
အဝေးကထုံးစေတီလေး
ဖူးတွေ့မှန်းရည်
ဆည်းလည်းခတ်သံတွေလည်း
သဲ့သဲ့မ်ွ ကိုယ်ကြားသည်..
2 ဆံပင်တွေ မျောလွင့်နေသည်
ဒီရေတိုးတက်သံ
သဲ့သဲ့ကြားသည်
ငိုသံလိုလိုထင်မိသည်
တစ်ချိန်တစ်ခါဆီကို မျှော်ရည်
အသဲနင့် မြစ်နဒီ
သက္ကရာဇ်နောက်ပြန်အတိတ်သွား
ရထားလေးတစ်စင်းသည်
ရုတ်တရက်ထွက်ခွာကာလ
အဟောင်းများသို့ဆီ
ကမ်းစပ်နံဘေးကရွာလေး
တဲ့စုစု အိမ်တန်းဆီ..
1 တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ
နှစ်ကိုယ်တူမှန်းတဲ့
အနာဂတ်အချစ်တိုင်းပြည်
ထူထောင်နိုင်ရန်စွန့်စားမည်
သူငိုနေစဉ်နေဝင်စချုပ်ညရီ
နှေးတုန့်လေးကန်ခြေလှမ်းများ
စခဲ့သည်
တစ်ရွေ့ရွေ့ဝေးကျန်ရွာလေး
ပ်ပ်အေဝးဆီ
တစ်နေ့တော့အချစ်ရွှေလက်တွဲ
နွှဲဆက်ဖို့ပြန်ခဲ့မည်..
2 ကိန္နရာချောင်းခြားလေပြီ
ကံကြမ္မာတရားက
ရှင်ကွဲ ခွဲရက်သည်
တိမ်လိုလေလိုလွင့်သွားပြီ
ရာသီတွေရယ်အလီလီ
ပြောင်းလဲခဲ့သည်
နှလုံးသားနှုတ်ငုံတော်ဦး
ဖူးပွင့်ခဲ့ပြီ
အဝေးကချစ်သူပြန်အရောက်
နောက်ကျခဲ့ပြီ
အသည်းအသက်
လက်လွန်တစ်ဆင့်စကား
နားနင့်နင့်ရင်ဆို့ပြီ..
1 ကြည်လဲ့စိမ်းမြနဒီ
ရွှေရောင်ငါးလေးတွေ
ရှိတဲ့အရပ်ဆီ
ရေမှာကွယ်လွန်သူရှိသည်
သူရေကိုယ်ပြန်လာတဲ့
အတိတ်နေ့တစ်နေ့ဆီ
သဲမွမွသောင်ခုံတဲစုစုအရပ်ဆီ
အေဝး ရောက်ချစ်သူပြန်အရောက်
နောက်ကျခဲ့ပြီ
စတေးခဲ့တဲ့ရေပြင်ကလေး
လှိုင်းထလို့ကျန်ခဲ့ပြီ..
2 မှော်ဆရာလေးဖြစ်ချင်သည်
ပုံပြင်ဟောင်းကလေး
အသက်သွင်းမိတော့မည်
တမလွန်ရွာသူ မြစန်းကြည်
ဒီရင်ဒီလွင်ဒီနှင်
နှလုံးသားအရပ်ဆီ
အထိမ်းအမှတ် မျက်ရည်မြစ်ကလေး
စီးဆင်းခဲ့သည်
အခုတော့ပါးစပ်ရာဇဝင်လေး
တစ်ခုဖြစ်ခဲ့ပြီ
လှိုင်းအဆင့်ဆင့်ရင်ရင်လှိုင်း
လွမ်းရစ်မယ့် နဒီအပါးဆီ..