မြင်နေခွင့်လေး
တေးရေး/တေးဆို- အောင်ဖြိုး
ဟိုအဝေးကြီးကိုငေးကာ
စိတ်တွေလေးလံနေခဲ့တယ်
မင်းမသိလိုက်ပဲ ရူးခဲ့တဲ့
နေ့ရက်တို့တွေးကာ ကြေကွဲခဲ့
မင်းရဲ့အနားမှာ အရိပ်လို
အမြဲငါခိုကပ်ခဲ့ပေမယ့်
နင်မမြင်နိုင်ခဲ့ပါ
ငါမကြေညာခဲ့တဲ့အချစ်ကို
အနီးလေးရှိပေမယ့်
ရင်ခုန်သံများက မိုင်တွေခြားနေခဲ့
မင်နီတွေတားကာ
နင်ရက်စက်လည်းငါကျေနပ်တယ်
2(မြင်နေခွင့်လေးပေး)2
နေ့တိုင်း
မင်းမျက်ဝန်းတွေက
ငါ့ကိုကြက်ခြေခတ်ထားချိန်..
ဝမ်းနည်းစိတ်နဲ့ ရရှိခဲ့
မင်းပေးတဲ့ဆုက သုညပဲ
ညဘက်ညဘက်တိုင်း
ငါမင်းကိုထိုင်ငေးကြည့်ခဲ့လည်း
နင်မမြင်နိုင်ခဲ့ပါ
ငါမကြေညာခဲ့တဲ့အချစ်ကို
အနီးလေးရှိပေမယ့်
ရင်ခုန်သံများက မိုင်တွေခြားနေခဲ့
မင်နီတွေတားကာ
နင်ရက်စက်လည်းငါကျေနပ်တယ်
2(မြင်နေခွင့်လေးပေး)2
နေ့တိုင်း
အချိန်နာရီတိုင်းမှာ
အနီးလေးရှိပေမယ့်
ရင်ခုန်သံများက မိုင်တွေခြားနေခဲ့
မင်နီတွေတားကာ နင်ရက်စက်လည်း
ငါကျေနပ်တယ်
2(မြင်နေခွင့်လေးပေး)2
နေ့တိုင်း
ဟိုအဝေးကြီးကိုငေးကာ
စိတ်တွေလေးလံနေခဲ့တယ်.
?HABIBIE?မူယော?