မနက်ဖြန်ဆိုတာရှိတယ်
နန္ဒဧရာ
.........
နေဝန်းနီရဲ့အလင်းရောင်
ထွန်းလင်းတောက်ပနေ
မနက်တိုင်းလူစည်ကားတဲ့
လဘက်ရည်ဆိုင်လေးတွေ
အိပ်ရေးပျက်သောညတွေ
ဖြတ်သန်းမိတဲ့နောက်လေ
ကမ္ဘာကြီးလည်နေသေးတောင်
ကျိန်းသေတယ်အချစ်ရေ
မေရေ တို့ပေးခဲ့တဲ့
လက်ထပ်ဖို့ကတိတွေ
တခါတခါအိပ်မက်တစ်ခုလို
ဖြစ်နေပါပြီလေ
မေရေ ကျန်ရစ်ခဲ့တဲ့
မနေ့ကအိပ်မက်တွေ
အဆင်မပြေနိုင်တဲ့ဘဝတွေ
နားလည်ပါမေရေ နားလည်နိုင်ပါစေ
..... ....
ရေမီးစုံတဲ့အခန်းတွေ
၂သိန်းခွဲ ၃သိန်းလေ
ကျနော်တို့ တူနှစ်ကိုယ်တိုင်းပြည်
ဝေးကွာမှုန်ဝါးနေ
လဘက်ရည်နဲ့ကွမ်းယာ
ဆေးလိပ်ဖိုးလေးတွေ
စုဆောင်းခြွေတာရင်းနဲ့
ပိုက်ဆံစုတုန်းလေ
မေရေ တို့ပေးခဲ့တဲ့
လက်ထပ်ဖို့ကတိတွေ
တခါတခါအိပ်မက်တစ်ခုလို
ဖြစ်နေပါပြီလေ
မေရေ ကျန်ရစ်ခဲ့တဲ့
မနေ့ကအိပ်မက်တွေ
အဆင်မပြေနိုင်တဲ့ဘဝတွေ
နားလည်ပါမေရေ နားလည်နိုင် ...ပါ.....စေ...
..... ....
လူဖြစ်လာခဲ့အခိုက်မှာ
ကြမ်းတမ်းတဲ့ဘဝလေ
ခိုလေးတစ်ကောင်လိုညည်းကာ
ဘဝကိုဖြတ်သန်းနေ
လေထဲလွင့်ဝဲလိုက်တဲ့
အပေါင်ဆုံးလက်မှတ်ကလေးတွေ
အိပ်မက်ချိုချိုလေးတွေ
ခါးနေပြီအချစ်ရေ
မေရေ တို့ပေးခဲ့တဲ့
လက်ထပ်ဖို့ကတိတွေ
တခါတခါအိပ်မက်တစ်ခုလို
ဖြစ်နေပါပြီလေ
မေရေ ကျန်ရစ်ခဲ့တဲ့
မနေ့ကအိပ်မက်တွေ
အဆင်မပြေနိုင်တဲ့ဘဝတွေ
နားလည်ပါမေရေ နားလည်နိုင်ပါစေ
..... ....
လူစီးဘတ်စ်ကားကြီးတွေ
ပြည့်သိပ်ကြပ်ညပ်နေ
သတင်းစာတစ်စောင်ထဲမှာ
အလုပ်ခေါ်ပြန်သတဲ့လေ
မနက်တိုင်းမျှော်လင့်ချက်နဲ့
ထွက်ခဲ့တဲ့နေ့တွေ
ညတိုင်းမရေရာခြင်းနဲ့
အိပ်ရာဝင်ရင်းလေ
မေရေ တို့ပေးခဲ့တဲ့
လက်ထပ်ဖို့ကတိတွေ
တခါတခါအိပ်မက်တစ်ခုလို
ဖြစ်နေပါပြီလေ
မေရေ ကျန်ရစ်ခဲ့တဲ့
မနေ့ကအိပ်မက်တွေ
အဆင်မပြေနိုင်တဲ့ဘဝတွေ
နားလည်ပါမေရေ နားလည်နိုင် ...ပါ.....စေ...
..... ....
လှော်ရင်းနစ်သွားမလားလေ
တို့ ၂ ယောက်ရဲ့အချစ်လှေ
ရေစီးလေဆန်ကြားမှာ
အားသွန်နေဆဲလေ
ဒီနေ့တော့လည်းတို့တတွေ
ကံမကောင်းသေးဘူးပေါ့လေ
မနက်ဖြန်ရှိသေးတယ်
အားမငယ်ပါနဲ့လေ
မေရေ တို့ပေးခဲ့တဲ့
လက်ထပ်ဖို့ကတိတွေ
တခါတခါအိပ်မက်တစ်ခုလို
ဖြစ်နေပါပြီလေ
မေရေ ကျန်ရစ်ခဲ့တဲ့
မနေ့ကအိပ်မက်တွေ
အဆင်မပြေနိုင်တဲ့ဘဝတွေ
နားလည်ပါမေရေ နားလည်နိုင် ...ပါ.....စေ...
...