ငါလေပြန်ပြီးတွေ့လာခဲ့
အို မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းပဲ
ဘယ်လိုငါမေ့ရမှာလဲ
အချိန်တွေကြာလို့သွားပေမယ့်
နင်ရောပဲလို့ ငါထင်တယ်
ရက်စွဲနဲ့မှတ်လို့ထားတယ် အောက်တိုဘာ ၄ မှာ
က်ေနာ့္ခ်စ္သူဝတ္တဲ့အက်ႌအျပာ
နောက်ကနေတကောက်ကောက်လိုက်ကာ
ဂျပ်ဆင်အိုနားမှာ
ချစ်တယ်လို့ပြောဖြစ်ခဲ့တာငါ
ရင်ထဲမှာပန်းတွေပွင့်သွားမလား
ဒါမှမဟုတ် ငါ့ကိုနင်ပါးရိုက်မလား
ကျနော့်ကိုစိတ်မဆိုးပါနဲ့နော်
ကျနော်အရမ်းချစ်လို့ပါ
နင်ပြောခဲ့တာ ငါ့ကိုလေစဉ်းစားပေးမယ်
အချိန် ၃ လစောင့်တဲ့
နင်ပြောခဲ့တာ ငါ့ကိုလေစဉ်းစားပေးမယ်
ရှက်သွေးလေးများနဲ့
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစား နမ်းသွားပါတော့ကွာ
အဲဒီနေ့ကကျနော်အရမ်းပျော်ခဲ့တယ်
ကျနော့်ဘဝထဲမှာတော့
အဲဒီနေ့လေးကိုကျနော်ဘယ်တော့မှ
မေ့လို့ရတော့မှာမဟုတ်ဘူး
ပြီးတော့ ကျနော်စိတ်ကူးတွေလည်း
အများကြီးယဉ်ခဲ့တယ်
သူနဲ့ချစ်သူဖြစ်ဖို့အတွက်ပေါ့ဗျာ
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစား နမ်းသွားပါတော့ကွာ
? ရက်စွဲနဲ့မှတ်မိသေးတယ် အောက်တိုဘာ ၄ မှာ
ကျမနောက်မှာတကောက်ကောက်နဲ့သူပါ
နောက်ကနေတောက်လျောက်လိုက်ကာ
ဂျပ်ဆင်အိုနားမှာ
ချစ်တယ်တဲ့ ကျမဖြင့်ရှက်ထှာကွာ
ရင်ထဲမှာအရမ်းကိုလှုပ်ရှားသွား
တခါတည်းပဲသူ့ကိုအဖြေပေးရမလား
အင်းးး? မဖြစ်သေးပါဘူး
ကျမပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
နောက် ၃ လစောင့်လှည့်
ကျမပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
ရှက်သွေးလေးများနဲ့
သူချစ်တယ်ပြောတာမုသားလား
ယုံလိုက်ရင်ကော ကျမမှားသွားမလား အိုး. . . ရေး
အဲဒီနေ့က ကျမသူ့အကြောင်းတွေ
အများကြီးစဉ်းစားခဲ့တယ် သူကရိုးရိုးသားသားလေးပါ ဒါပေမယ့် သူ့ကိုချက်ချင်းကြီးတော့အဖြေမပေးနိုင်သေးဘူးလေ
အဲဒါကြောင့်သူ့ကိုစဉ်းစားပေးမယ်လို့ ကျမပြောခဲ့တယ် ဒါပေမယ့် ကျမအရမ်းပျော်နေမိတယ်
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ကျမစဉ်းစားတဲ့အဖြေကိုတွေးကျိပါတော့ကွာ