တဂျုံးဂျုံးဂျက်ရထားကြီးထွက်ခွာမွေးရပ်မြေ
ကိုယ်ပြန်လာရာခရီးမှာ
အကျည်းတန်အထီးကျန်နေသလို ……
သူ့အမုန်းကျိန်စာ …
ကိုယ်လေသင့်ပြီလား
စိမ်းရက်သူရဲ့ အငြိုးတွေ ဖြေမလွယ် …
ရင်မှာမျက်ရည်ပုလဲသွယ်
မိုးစက်တွေနဲ့ရောယှက်ကာသွယ် …
တဂျုံးဂျုံးဂျက်ရထားကြီးထွက်ခွာမွေးရပ်မြေ
ကိုယ်ပြန်လာရာခရီးမှာ
အကျည်းတန်အထီးကျန်နေသလို ……
သူ့အမုန်းကျိန်စာ …
ကိုယ်လေသင့်ပြီလား
စိမ်းရက်သူရဲ့ အငြိုးတွေ ဖြေမလွယ် …
ရင်မှာမျက်ရည်ပုလဲသွယ်
မိုးစက်တွေနဲ့ရောယှက်ကာသွယ် …
မဆုံနိူင် …
ဒီအချစ်မျဉ်းပြိုင်လမ်းပေါ်
တွဲလျှောက်မယ်ကြံရွယ် …
အန္တရာယ်ဆူးတွေဝန်းရံအဆင်းဝင့်ထည်တဲ့
နှင်းဆီမေရယ် ……
မခူးရက်မမွှေးရက် အလှကြည့်ကာမဝခဲ့သမျှရယ်
မသမာသူပတ်ဝန်းကျင် သပုပ်လေလွှင့်ခဲ့ကြတယ်
နီးလျက်နဲ့လည်း… ဝေးမပြေလည်
သြော်… ဆွေးစိတ်တွေကြွယ် …
ဝမ်းရေးအတွက်အရင်းနှီးပြုကာဘဝတစ်ခုရယ်
ကံကြမ္မာကိုယုံကြည်ကိုးကာ
ရိုးမယ်ဖွဲ့ကာဟန်တွေချီ ……
သူ့အငြိုးတွေရယ် …
ပြေပါတော့စေလို့ရယ်
ချစ်လျက်နဲ့ခွဲ ဝေးတစ်မြေစီနယ်
တော်ရာပြုံးနေပါ့မယ်
ကိုယ့်ဘဝကိုယ်ပဲရှိတော့စေကွယ် …
မဆုံနိူင် …
ဒီအချစ်မျဉ်းပြိုင်လမ်းပေါ်
တွဲလျှောက်မယ်ကြံရွယ် …
အန္တရာယ်ဆူးတွေဝန်းရံအဆင်းဝင့်ထည်တဲ့
နှင်းဆီမေရယ် ……
မခူးရက်မွှေးရက် အလှကြည့်ကာမဝခဲ့သမျှရယ်
မသမာသူပတ်ဝန်းကျင် သပုပ်လေလွှင့်ခဲ့ကြတယ်
နီးလျက်နဲ့လည်း… ဝေးမပြေလည်
သြော်… ဆွေးစိတ်တွေကြွယ် …
တဂျုံးဂျုံးဂျက်ရထားကြီးထွက်ခွါမွေးရပ်မြေ
ကိုယ်ပြန်လာရာခရီးမှာ
အကျည်းတန်အထီးကျန်နေသလို ……
သူ့အမုန်းကျိန်စာ …
ကိုယ်လေသင့်ပြီလား
စိမ်းရက်သူရဲ့ အငြိုးတွေ ဖြေမလွယ် …
ရင်မှာမျက်ရည်ပုလဲသွယ်
မိုးစက်တွေနဲ့ရောယှက်ကာသွယ် …