ကောင်မလေးတစ်ယောက်အချစ်များ
ပိုပိုဟေသာ
အတွေးဘာလဲဘယ်လဲ
တကယ်ပဲအခက်သား..
အငွေ့လိုပဲလေထဲ
ဝေ့ဝဲလွင့်ပါး...
အရှေ့အနောက်
တောင်မြောက်
မွှေနှောက်ရွေ့လျား..
တိတ်တိတ်လေး
ဆွေးတဲ့အကြောင်းလေးများ
နှင်းဆီခင်းတွေထဲ
တစ်ယောက်တည်း
လျှောက်အသွား..
သင်းပျံ့မွှေးရနံ့လေး
လာထွေးပွေ့ထား..
ပွင့်ဖတ်လေးလိုပဲ
စိတ်လည်းကြွကျေ
တိတ်တိတ်လေးဆွေးတဲ့
အကြောင်းလေးများ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ
တစ်ချိန်မှာသူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား
တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ
ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့
အချစ်များ
သိလား...
အိပ်မက်ထဲ
အိပ်မက်နေခဲ့တာလား
သတိရခြင်းတွေထက်ပိုကာ
သတိရ
သူမသိနိုင်လည်း
တကယ်ချစ်နေရတာပါ
တိတ်တိတ်လေးဆွေးတဲ့
အကြောင်းလေးများ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ
တစ်ချိန်မှာသူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား
တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ
ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့
အချစ်များ
သိလား...
သိရဲ့လား...
သိရဲ့လား...
သိလား..
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ
တစ်ချိန်မှာသူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား
တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ
ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့
အချစ်များ
ရင်ခုန်သံတွေရှိတဲ့ကမ္ဘာ
တစ်ချိန်မှာသူလာကြည့်တဲ့အခါ
နေချင်စရာရှုခင်းလေးအား
တွေ့မှာ
အကြင်နာတောင်စွယ်တောရိပ်မှာ
ဖြူနီပြာဝါပန်းလိပ်ပြာ
ဒီလိုကောင်မလေးတစ်ယောက်ရဲ့
အချစ်များ
သိလား
သိလား...
သိရဲ့လား...
သိရဲ့လား...
သိလား..